Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စညှင်းအခြေစိုက် စစ်ကောင်စီ ပွိုင့် ၂၅၇ စခန်းကို အာရက္ခတပ်တော် အပြီးသတ်သိမ်းပိုက်

ရက္ခိုင်ပြည်၊ မြေပုံမြို့နယ် စစ်ကောင်စီ၏ စညှင်းအခြေစိုက် ပွိုင့် ၂၅၇ စခန်းကို အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်လိုက်ပြီ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

၎င်းစခန်းကို ပြီးခဲ့သည့် ဧပြီလ ၁၀ ရက် ညနေ ၅ နာရီတွင် အာရက္ခတပ်တော်နေ့၌ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး တောဟိန်း​တောင်ဗျူဟာကိုလည်း ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းဒေသခံတစ်ဦးက AB News သို့ပြောသည်။

” AA က ဧပြီလ ၁၀ ရက်နေ့မှာ သိမ်းပိုက်လိုက်ပါတယ်။ စစ်ကောင်စီတပ်သားတွေ ထွက်ပြေးသွားတာတွေရှိတယ်။ တောင်ဟိန်းတောင်ဗျူဟာကိုလည်း AA ကထိုးစစ်ဆင်နေတယ်” ဟု ဆိုသည်။

စညှင်းကျေးရွာ၏ အရှေ့ဖက် မီတာ ၁၅၀၀ ခန့်အကွာရှိ စစ်ကောင်စီ၏ ပွိုင့် ၂၅၇ စခန်းကို ဧပြီလ ၂ ရက် နံနက် ၆ နာရီ မိနစ် ၂၀ တွင် အာရက္ခတပ်တော်ကစတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း AA ကဆိုသည်။

၎င်းစခန်းသည် စစ်ကောင်စီ ရှေ့တန်းအမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ အောက်တွင်ရှိသော နည်းဗျူးဟာ အမှတ် ၃ စခန်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

လက်ရှိတွင်လည်း အမ်းမြို့နယ် ကဇုကိုင်းအနီးရှိ တောဟိန်းတောင်ဗျူဟာအပါအဝင်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကိုလည်း AA ကတိုက်ခိုက်နေကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

မတ်လ နှင့် ဧပြီလအတွင်းမှာ အာရက္ခတပ်တော်သည် အမ်း – သံတွဲမြို့နယ် ၂ ခုအား ထိုးစစ်ဆင်တိုက်ခိုက်လာသည့်အတွက် စစ်မျက်နှာပိုမိုကျယ်ပြန့်လာသည်ကိုတွေ့ရသည်။

ဘူးသီးတောင်၊ မောင်တောရှိ စစ်ကောင်စီစခန်းများကိုလည်း အပြီးသတ်သိမ်းပိုက်နိုင်ရေး ကြိုးစားလျက်ရှိကြောင်း AAကဆိုထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ