Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်အာဏာသိမ်း သက်တမ်းတိုးခြင်းအပေါ်ကနေဒါသံရုံး(မြန်မာ) ရှုပ်ချ၊ အာဏာသိမ်းစစ်ကောင်စီအား လက်နက်မရောင်းကြရန် နိုင်ငံတကာကိုတောင်းဆို

စစ်အာဏာသိမ်း သက်တမ်းတိုးခြင်းအပေါ်နေဒါသံရုံး(မြန်မာ) ရှုပ်ချ၊ အာဏာသိမ်းစစ်ကောင်စီအား လက်နက်မရောင်းကြရန် နိုင်ငံတကာကိုတောင်းဆို

ABN-ဟိန်းထွန်း

သြဂုတ် ၂ ရက်

ဇူလိုင်လ ၃၁ ရက်နေ့က စစ်အုပ်ချုပ်ရေးသက်တမ်း ၆ လ ထပ်တိုးခဲ့သည့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် တရားမဝင် စစ်အုပ်ချုပ်ရေး ဥပဒေများကို မြို့ရွာများတွင် ဆက်လက် ပြဋ္ဌာန်းထားသည့်အတွက် ကနေဒါနိုင်ငံရှိ မြန်မာသံရုံးမှ ရှုပ်ချပြောဆိုလိုက်ကြောင်း ထုတ်ပြန်ထားသည်ကိုတွေ့ရသည်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် အရေးပေါ် ၆ သက်တမ်းကာလကို ဒုတိယအကြိမ်မြောက်လုယူထားသူဖြစ်ပြီး စစ်အုပ်ချုပ်ရေးဥပဒေဖြင့် အုပ်ချုပ်လာခဲ့သည်မှာ ယနေ့ဆိုလျင် ၂ နှစ်ကျော်ကြာမြင့်လာပြီဖြစ်ကြောင်းတွေ့ရသည်။

ထို့ကြောင့် ၎င်းလုပ်ရပ်များကို ရပ်တန့်စေလိုသည့်အတွက် မြန်မာနိုင်ငံဆိုရာ ကနေဒါသံရုံးမှ ထုတ်ပြန်ထားသည်မှာ မြန်မာစစ်တပ်၏အရေး​ကာလ သက်တမ်းတိုးမှု ၊ မြို့နယ်များတွင် စစ်အုပ်ချုပ်ရေး ပြဋ္ဌာန်းထားမှု၊ မြန်မာနိုင်ငံအပေါ်စစ်တပ်၏တရားမဝင် အုပ်စိုးမှုများကို ကြာရှည်စေခြင်းတို့အပေါ် ပြင်းထန်စွာစိုးရိမ်ပူပင်မိကြောင်း ထုတ်ပြန်လိုက်သည်။

ထို့အပြင် မြန်မာပြည်သူများသည် ဒီမိုကရေစီ နိုင်ငံတော် ပေါ်ထွန်းလာရေးအတွက် ၎င်းတို့၏ သန္နိဌာန်များကို ဆက်လက်၍ ရဲဝံ့စွာ ပြသခဲ့ပြီး လူ့အခွင့်အရေးနှင့် အခြေခံ လွတ်လပ်ခွင့်များကို လေးစားရန် တောင်းဆိုခြင်းနှင့် စစ်တပ်၏ အကြမ်းဖက်မှုများကို ရင်ဆိုင်ရာတွင် ကြံ့ကြံခံနိုင်စွမ်းများကိုလည်း ပြသနိုင်ခဲ့ကြောင်း သံရုံးမှ ဆိုသည်။

ဒီမိုကရေစီနည်းလမ်းတကျရွေးကောက်တင်မြှောက်ထားသေား အစိုးရပ်တစ်ရပ်ကို အာဏာသိမ်းစစ်အုပ်စုမှ ဖြုတ်ချခဲ့ပြီး၊ နိုင်ငံတကာ လူ့အခွင့်အရေးများနှင့် မတရားဖမ်းဆီးသတ်ဖြတ်ခြင်းတို့အပေါ်မိမိတို့မှ တခဲနက် ရှုပ်ချကြောင်း ထုတ်ပြန်ချက်တွင်တွေ့ရသည်။

ဒီမိုကရေစီ နည်းလမ်းကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရတစ်ရပ်ကို အာဏာသိမ်း ဖြုတ်ချခဲ့ခြင်းအား ကနေဒါနိုင်ငံက တခဲနက် ဆက်လက်ရှုတ်ချပြီး ရက်စက်ကြမ်းကြုပ်မှုနှင့် နိုင်ငံတကာ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေများအား ဆိုးရွားစွာ ချိုးဖောက်နေမှုများကို ရင်ဆိုင် ကြုံတွေ့နေရသည့် မြန်မာပြည်သူများနှင့် ၎င်းတို့၏ ဒီမိုကရေစီအပေါ် စိတ်အားထက်သန်မှုများကိုလည်း ထောက်ခံအားပေးလျက်ရှိကြောင်း ဆိုသည်။

အလားတူ မြန်မာနိုင်ငံတွင် စစ်ဥပဒေဆိုင်ရာ ရာဇဝတ်မှုများကို ဆက်လက်ပြီးလုပ်ဆောင်နေမှုကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုအတွက် တာဝန်ရှိသူများကို ၄င်းတို့လုပ်ရပ်အတွက် တာဝန်ခံမှုရှိစေရန်၊ ရက်စက်ကြမ်းကြုပ်မှုများ ကျူးလွန်ရာတွင် အထောက်အကူဖြစ်စေသော လက်နက်များနှင့် ပစ္စည်းကိရိယာများရောင်းချခြင်းနှင့် လွှဲပြောင်းခြင်းများကို ရပ်ဆိုင်းရန်၊ မြန်မာပြည်သူများအတွက် အရေးပေါ် လိုအပ်သည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် နိုင်ငံတကာ အသိုက်အဝန်း၏ အဖွဲ့ဝင်အားလုံးကို ကျွန်နုပ်တို့ တောင်းဆိုလိုက်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

အာဆီယံ ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ရုံးတို့၏ ကြိုးပမ်းဆောင်ရွက်မှုများအပါအဝင် မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ဖြေရှင်းရန် အာဆီယံအဖွဲ့၏ဦးဆောင်မှုကို ကနေဒါနိုင်ငံ မြန်မာနိုင်ငံဆိုင်ရာသံရုံး မှနေပြီးအလေးအနက်ထောက်ခံကြောင်း ပြတ်ပြတ်သားသား ပြောဆိုထားကြောင်းတွေ့​ရှိရသည်။

လက်ရှိတွင် စစ်အာဏာသိမ်းပြီး ၂ နှစ်ကျော်ကာလအတွင်း မြန်မာတဝှမ်းတွင် ကုန်စည်စီးဆင်းမှုများ ဆက်တိုက်မြင့်မားနေလျက်ရှိပြီး၊ ယနေ့အချိန်အထိ စားသုံးကုန်စျေးနှုန်းများအပါအဝင် အခြားကုန်စျေးနှုန်းများလည်း လျော့ကျသွားခြင်းမရှိသည့်အတွက် ပြည်သူလူထုများစွာသည် ​စားသောက်ရေးဖူလုံမှုမရှိကြောင်းတွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပါတီခေါင်းဆောင်တစ်ဦး သေဆုံးပြီးနောက် နိုင်ငံအတွင်း ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်တို့ကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားကာ ရဲအရာရှိ ၁၅ ဦးဒဏ်ရာရရှိခဲ့ပြီး ပြည်သူ တစ်ဦး သေဆုံး