Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ရှုံးပြီး အုပ်ချုပ်ရေးယန္တရားပျက်သုန်းနေသည့် ဒေသများတွင် စစ်ကောင်စီက လူမှုရေးဝန်ကြီးများ လူစားလဲခန့်အပ်

စစ်ရှုံးပြီး အုပ်ချုပ်ရေးယန္တရားပျက်သုန်းနေသည့် ဒေသများတွင် စစ်ကောင်စီက လူမှုရေးဝန်ကြီးများ လူစားလဲခန့်အပ်

AB News – ဖေဖော်ဝါရီ ၁၅၊ ၂၀၂၄

စစ်ကောင်စီသည် မြန်မာနိုင်ငံအတွင်း စစ်ရှုံးပြီး အုပ်ချုပ်ရေးယန္တရားပျက်သုန်းနေသည့် ဒေသများတွင် စစ်ကောင်စီ၏ လူမှုရေးဝန်ကြီးများ လူစားလဲခန့်ထားမှုများကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ပြုလုပ်လိုက်သည်ကိုတွေ့ရသည်။

ရက္ခိုင်တွင် ယခင်ရှိနေသည့် လူမှုရေးဝန်ကြီး ဦးစောနိုင်အစား ဦးသက်ထွန်းအား လူစားလဲ လိုက်ပြီး
မကွေးတိုင်း၊ ကယားနှင့် ချင်းတို့မှ လူမှုရေးဝန်ကြီးများကိုလည်း လူစားလဲခန့်အပ်လိုက်သည်ကိုတွေ့ရသည်။

ထို့အပြင် ကယားပြည်နယ်အစိုးရအဖွဲ့၏ လူမှုရေးဝန်ကြီး ဦးရဲ့ရင်ထွန်း နေရာတွင် ဦးအောင်မျိုးသိန်း၊ ချင်းပြည်မှ ဦးကျော်စိုးဝင်း နေရာတွင် ဦးဝင်းဇော်ဦး၊ မကွေးတိုင်း ဦးဝင်းရဲထွန်း နေရာတွင် ဦးမျိုးမြင့်တို့ကို လူစားလဲ ခန့်အပ်ကြောင်း အမိန့် စာအမှတ် ၂၅/၂၀၂၄ ဖြင့် ထုတ်ပြန်ထားသည်ကိုတွေ့ရသည်။

ဤအစားထိုးခန့်အပ်စာအား စစ်ကောင်စီ၏ အတွင်းရေးမှူး၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး လက်မှတ်ဖြင့် ယမန်နေ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

စစ်ကောင်စီက လူမှုရေးဝန်ကြီးများ လူစားလဲ ခန့်ထားသည့် နေရာများမှာ စစ်ကောင်စီအဖွဲ့ စစ်ရှုံးနေသော နေရာများဖြစ်ပြီး စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား ပျက်သုန်းနေသည့် နေရာများလည်းဖြစ်သည်ကို တွေ့ရသည်။

Website
www.arakanbaynews.com    
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ