Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ဖို့ ရန်ကုန်နှင့် မန္တလေးတို့တွင် လူငယ်များကို စစ်ကောင်စီ အဓမ္မလိုက်ဖမ်းနေ(ရက္ခိုင်မှာလည်း အကြမ်းဖက် စစ်ကောင်စီက လူစာရင်းကောက်နေ)AB News – ဖေဖော်ဝါရီ ၁၁၊ ၂၀၂၄

စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ဖို့ ရန်ကုန်နှင့် မန္တလေးတို့တွင် လူငယ်များကို စစ်ကောင်စီ အဓမ္မလိုက်ဖမ်းနေ(ရက္ခိုင်မှာလည်း အကြမ်းဖက် စစ်ကောင်စီက လူစာရင်းကောက်နေ)AB News - ဖေဖော်ဝါရီ ၁၁၊ ၂၀၂၄

ယမန်နေ့က အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ ထုတ်ပြန်ပြဌာန်းလိုက်သည့် စစ်မှုဌာန်ဥပဒေကို အသက်သွင်းရန် ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် အသက် ၁၈နှစ်မှ ၃၀နှစ်ခန့် ရှိသည့် လူငယ်များကို ယနေ့ အာဏာသိမ်းစစ်ကောင်စီက စတင်ကာ လိုက်လံဖမ်းဆီးနေကြောင်း AB News မှ စုံစမ်းသိရှိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၁ရက်၊ ညနေပိုင်းအချိန်က စစ်ကောင်စီအဖွဲ့ဝင်များသည် ရန်ကုန်မြို့၊ လှည်းတန်း၊ ဦးထွန်းလင်းခြံလမ်းမှ အမျိုးသား ၁ဦးကို ဖမ်းဆီးသွားခဲ့ကြောင်း ကမာရွက်မြို့နယ်မှ အမျိုးသမီး ၁ဦးက ပြောသည်။

“ဒီနေ့ ညနေ ၆နာရီကျော်ကို ကျမတို့ နေတဲ့ ဦးထွန်းလင်းခြံလမ်းက အမျိုးသား ၁ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ သိရတယ်။ အခြားမြို့နယ်တွေမှာလည်း စစ်ကောင်စီက လိုက်လံဖမ်းဆီးနေတယ်။ ဒီက လူငယ်တွေအားလုံးက အာဏာသိမ်းစစ်ကောင်စီထံမှာ စစ်မှုထမ်းရမှာကို ကြောက်နေကြတယ်” ဟုဆိုသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၀ရက်နေ့တွင် မြန်မာနိုင်ငံအတွင်း အသက် ၁၈နှစ်ရှိသည့် လူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို စတင်အသက်သွင်းခဲ့ပြီး စစ်မှုထမ်းရန်ငြင်းဆိုပါက ထောင်ဒဏ် ၅နှစ် ချမှတ်မည်ကြောင်း သိရသည်။

ယခင်စစ်အာဏာရှင်ဟောင်း ဗိုလ်မှုးကြီး သန်းရွှေ လက်ထက်က ပြဌာန်းခဲ့သည့် စစ်မှုမထမ်းမနေရ ဥပဒေကို အသက်သွင်းခဲ့ပြီး ယနေ့ ညပိုင်းအချိန်တွင် ပြည်သူများအပေါ် ဖမ်းဆီးနေခြင်းနှင့်ပတ်သက်၍ ရန်ကုန်မှ တက္ကသိုလ်ကျောင်းသား ၁ဦးက ယခုလို ပြောဆိုသည်။

“အခုလို တပ်သားတွေ ခေါ်ယူနေတာဟာ အာဏာသိမ်းစစ်တပ်ဟာ မြေပြင်စစ်ဆင်ရေးတွေမှာ အင်အားလျော့နည်းနေပြီး အင်အားဖြည့်တင်းဖို့ရန် နည်မျိုးစုံနဲ့ ပြည်သူတွေကို ပေါ်တာဆွဲ စစ်သားစုဆောင်းတာ ဖြစ်တယ်။ ပြီးခဲ့တဲ့ လကလည်း မြို့နယ်၊ ကျေးရွာအချို့မှာ ပြည်သူ့စစ်ဝင်ရမည်ဆိုပြီး လူတောင်းတာတွေ ရှိခဲ့တယ်။ အဲ့ဒီ နည်းလမ်းလည်း ထိရောက်မှုမရှိတော့ အခုလို စစ်မှုမထမ်းမနေရဥပဒေကို အကြောင်းပြ တပ်သားစုဆောင်းနေတာ ဖြစ်တယ်” ဟု ဆိုသည်။

ယခုကဲ့သို့ စစ်သားစုဆောင်းခြင်းသည် အာဏာသိမ်းစစ်ကောင်စီ၏ ထိပ်ပိုင်းခေါင်းဆောင်းများ ကောင်းစားရေးနှင့် သူတို့၏ အာဏာတည်မြဲရေးအတွက် လူငယ်များ၏ အနာဂတ်ကို ချနင်းပြီး သင်းသတ်လိုက်ခြင်းပင် ဖြစ်သည်ဟု နောက်ထပ် အမည်မဖော်လိုသည့် မန္တလေးမှ အသက် ၂၃ နှစ်အရွယ် လူငယ်တစ်ဥ◌ီးက ပြောသည်။

ထို့အပြင် ရက္ခိုင်ပြည် တောင်ကုတ်မြို့တွင်လည်း အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီအဖွဲ့သည် ယမန်နေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့က စပြီး လူငယ်များ စာရင်းကို လိုက်လံ ကောက်နေကြောင်း သိရသည်။

စစ်မှုမထမ်းမနေရ ဥပဒေကို နိုင်ငံအတွင်း အရေးပေါ်အခြေအနေဖြစ်နေပါက ပြည်သူ့စစ်မှုထမ်းကာလကို ၅နှစ်အထိ တိုးမြင့်သတ်မှတ်နိုင်ပြီး စစ်မှုထမ်းရန်ငြင်းဆိုသူများနှင့် တိမ်းရှောင်သူများကို ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ဖော်ပြထားသည်ကို တွေ့ရှိရသည်။

စကစအဖွဲ့သည် မြန်မာတစ်နိုင်ငံလုံးအနှံ့ စစ်မျက်နှာများတွင် အရှုံးများဖြင့် ရင်ဆိုင်နေရပြီး စကစအဖွဲ့ဝင် စစ်သားများမှာလည်း တိုက်ပွဲများတွင် သေဆုံးခြင်း၊ ထွက်ပြေးခြင်းနှင့် မိမိကိုယ်ကို အဆုံးစီရင်သူများပြားလာသည်ကို နေ့စဥ်ရက်ဆက် ကြားနေရသည်။

Website
www.arakanbaynews.com
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ