သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ဘေးရှောင်ကလေးငယ် (၃)ဦးကို ပြန်ပေးဆွဲသတ်ဖြတ်ခဲ့သည့် တရားခံကို KIO အစိုးရ တရားရုံးက သေဒဏ်ချမှတ်

AB News – ဧပြီ ၉ ၊ ၂၀၂၅

ကချင်ပြည်၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးရှိ ဂျေယန့် စစ်ဘေးရှောင်စခန်းမှ ကလေးငယ် (၃) ဦးကို ပြန်ပေးဆွဲသတ်ဖြတ်ခဲ့သည့် တရားခံကို KIO အစိုးရ၏ တရားရုံးမှ သေဒဏ်ချမှတ်လိုက်ကြောင်း သိရှိရသည်။

တရားခံမှာ အုန်ဆောင်းဒွဲအောင်ဖြစ်ပြီး ပြန်ပေးဆွဲသတ်ဖြတ်ခံရသည့် ကလေးငယ် ၃ ဦးမှာ အသက် ၁၀ နှစ်အရွယ် မဖော်ရမ်ဆွတ်ဆိုင်းအိန် ၊ အသက် ၁၀ နှစ်အရွယ် မနန်းဇိန်းဂျီးဆန်မိုင်နှင့် အသက် ၁၁ နှစ်အရွယ် မလထော်ရွယ်ဂျီး တို့ဖြစ်သည်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ဦးဆောင်းဒွဲအောင်သည် ဂျေယန့် စစ်ဘေးရှောင်စခန်းမှ ကလေးငယ် ၃ ဦးကို ပြန်ပေးဆွဲသွားခဲ့သည်။

ထို့နောက် ကလေးငယ် (၃) ဦး၏ မိဘများကို တရုတ်ငွေ (၃) သိန်းဖြင့် လာရောက်ရွေးယူရန် ပြောဆိုခဲ့သည်။

၎င်းပြန်ပေးဆွဲသမားကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ၊ နံနက်ပိုင်းတွင် KIO အစိုးရ တာဝန်ရှိသူများက ပြန်လည်ဖမ်းဆီးရရှိခဲ့ပြီး သေဆုံးနေသည့် ကလေးငယ်များ၏ ရုပ်အလောင်းများကိုပါ ပြန်လည်တွေ့ရှိခဲ့သည်။

၎င်းသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကလည်း လက်နက်ခဲယမ်းများ တရားမဝင် (မှောင်ခို) ရောင်းချမှုဖြင့် KIA မှ ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့ပြီးနောက် ၁၀ ရက်အကြာတွင် လူသတ်မှုကို ပြန်လည် ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ