သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေ – ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲတွင် အာရက္ခတပ်တော်တပ်ရင်းမှူးတစ်ဦးကျဆုံး

AB News – ဇန်နဝါရီ ၁၁၊ ၂၀၂၆

အာရက္ခတပ်တော် (AA) နှင့် စစ်ကော်မရှင်တို့အကြား စစ်ရေးပြင်းထန်နေသည့် စစ်တွေ – ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲတွင် မာန်အောင်ဇာတိဖွား အာရက္ခတပ်တော် တပ်ရင်းမှူး ဗိုလ်မှူး ထက်မြက်သိန်း တာဝန်ထမ်းဆောင်စဉ် ကျဆုံးခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ဗိုလ်မှူး ထက်မြက်သိန်းသည် စကမ တပ် နှင့် အပြန်အလှန် ပစ်ခတ်မှုအတွင်း တပ်ဖွဲ့ကို အနီးကပ် ကွပ်ကဲဦးဆောင်နေစဥ် ကျဆုံးခဲ့ကြောင်း သိရသည်။

ဗိုလ်မှူး ထက်မြက်သိန်းသည် ရဲစွမ်းသတ္တိ၊ လက်ရုံးရည်နှလုံးရည် ပြည့်ဝသည့် တပ်မှူးတစ်ဦးဖြစ်ပြီး စစ်သည်၊ စစ်မယ်များအပေါ် နွေးထွေးစွာ ဦးဆောင်နိုင်သူ၊ တိုက်ခိုက်ရေးနှင့် စည်းရုံးရေးပိုင်းတွင် စံနမူနာယူထိုက်သူဖြစ်ကြောင်းလည်း ဆိုသည်။

၎င်း၏ စျာပနအခမ်းအနားကို စစ်မြေပြင်အနီး ဒေသတစ်ခုတွင် ကျင်းပခဲ့ပြီး သက်ဆိုင်ရာ တပ်မှူးများ၊ မိဘဆွေမျိုးများ၊ ဇနီးနှင့် သားသမီးများအပြင် အာရက္ခတပ်တော် ရဲဖော်ရဲဘက်များ တက်ရောက်ကာ စစ်ရေးစည်းမျဉ်းများနှင့်အညီ ဂါရဝပြုခဲ့ကြကြောင်း ဆိုသည်။

စျာပနအခမ်းအနားတွင် အမိန့်ပြန်တမ်း ဖတ်ကြားခြင်း၊ စစ်ရေးဂါရဝပြု ချီတက်ခြင်းများကိုလည်း စနစ်တကျ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဗိုလ်မှူး ထက်မြက်သိန်းသည် ကျဆုံးချိန်တွင် အသက် ၃၃ နှစ်သာ ရှိပြီး ကျန်ရစ်ခဲ့သည့် မိဘ၊ ဇနီးနှင့် သားသမီးများအတွက် အာရက္ခတပ်တော်မှ တာဝန်ယူကာ ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။

လက်ရှိတွင် အာရက္ခတပ်တော်သည် ရက္ခိုင်ပြည်၏ နယ်မြေ ၉၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားနိုင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုများကို အရှိန်မြှင့်လုပ်ဆောင်နေကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ