သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေမြို့ပေါ်က စစ်ဘေးရှောင်အမျိုးသမီး ၂ ဦးကို ALP တပ်ဖွဲ့ ဖမ်းဆီး

AB News – ဒီဇင်ဘာ ၂၁၊ ၂၀၂၅
ဂျုလိုင်

စစ်တွေမြို့၊ ကုန်တန်းရပ်ကွက်ရှိ ယတြာဘုန်းကြီးကျောင်းတွင် နေထိုင်ကြသည့် စစ်ဘေးရှောင်အမျိုးသမီး ၂ ဦးအား ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) တပ်ဖွဲ့မှ အသရေဖျက်မှုစွပ်စွဲချက်ဖြင့် မတရားဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ALP တပ်ဖွဲ့ဝင်တစ်ဦး၏ အမျိုးသမီးနှင့် စစ်ရှောင်အမျိုးသမီးတို့ စကားများကြရာမှ စစ်ရှောင်အမျိုးသမီးက ALP တပ်ဖွဲ့ကို လဗွီဟု ခေါ်ဆိုခဲ့၍ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၉ ရက်နေ့၊ ညနေ ၄ နာရီခန့်အချိန်တွင် အင်အား ၈ ဦးခန့်ပါ ALP တပ်ဖွဲ့ဝင်များက ယတြာဘုန်းတော်ကြီးကျောင်းသို့ လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် စစ်ရှောင်အမျိုးသမီး ၂ ဦးမှာ စစ်တွေမြို့၊ ဗျိုင်းဖြူရွာမှာ အသက် ၁၈ နှစ်အရွယ် နှင့် အသက် ၂၀ နှစ်အရွယ် အမျိုးသမီးငယ်များဖြစ်ကြောင်း သိရသည်။

ဒေါ်စောမြရာဇာလင်းဦးဆောင်သည့် အဆိုပါ ALP ပါတီသည် စစ်ကော်မရှင်နှင့်ပူးပေါင်းကာ မြို့ပေါ်တွင် လုံခြုံရေးယူသည့်အကြောင်းပြချက်များဖြင့် ပြည်သူများကို မတရားဖမ်းဆီးခြင်းအပါဝင် မြို့ပေါ်တွင် အဖွဲ့ဝင်အသစ်များကို ခေါ်ယူပြီး စစ်သင်တန်းပေးမှုများကိုလည်း ပြုလုပ်လျှက်ရှိသည်။

ပြီးခဲ့သည့် အောက်တိုဘာလက ကျင်းပခဲ့သော NCA ၁၀ နှစ်ပြည့်အခန်းအနားတွင် ဒေါ်စောမြရာဇာလင်းက စစ်ကို စစ်နှင့်သာ ဖြေရှင်းနေကြသည့်အတွက် ပြည်သူများသာ အသက်ဆုံးရှုံးနေရပြီး နိုင်ငံရေးနည်းလမ်းများဖြင့်သာ လိုချင်သည် အရာများကို ညှိယူရမည်ဟု ပြောကြားခဲ့သည်။

ထို့ပြင် အရပ်သား ၇၆ ဦးအထိ မတရားသတ်ဖြတ်ခြင်းခံခဲ့ရသော ဗျိုင်းဖြူရွာဖြစ်စဥ်တွင်လည်း ALP တပ်ဖွဲ့ဝင်များသည် စစ်ကော်မရှင်နှင့် ပူးပေါင်းဆောင်ရွတ်ခဲ့ကြောင်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ