သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေတွင် ရက္ခိုင်အဆိုတော်များ ပါဝင်မည့် တန်ဆောင်တိုင်ပွဲတော်ကို စည်ကားစွာ ကျင်းပရန် စကမ ပြင်ဆင်

​AB News – နိုဝင်ဘာ ၂၊ ၂၀၂၅
ဆိုဖီ

​စစ်ကော်မရှင် ထိန်းချုပ်ဆဲနယ်မြေဖြစ်သော စစ်တွေမြို့ပေါ်တွင် ရက္ခိုင်အဆိုတော်များပါဝင်မည့် တန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာလ ၄ ရက်နေ့မှ ၅ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပရန် စကမ ပြင်ဆင်နေကြောင်း ဒေသခံများက AB News သို့ ပြောသည်။

​​ဒေသခံ တစ်ဦးက ​”စစ်တွေမြို့ ဝန်ကြီးချုပ် ဦးဆောင်ပြီး လုပ်နေတာပါ။ စတိတ်ရှိုးပွဲတွေ၊ ဝင်္ကဘာကွင်းတွေ၊ ဆီမီးပူဇော်ပွဲတွေလည်း ပြင်ဆင်နေတာ တွေ့ရပါတယ်။ ရက္ခိုင်အဆိုတော်တွေ ပါဝင်မယ်လို့ သိရတယ်” ဟု ဆိုသည်။

​အဆိုပါပွဲတော်ကို လောကနန္ဒာစေတီတော်မြတ်၊ အတုလမာရဇိန် ပြည်လုံးချမ်းသာ ဘုရားကြီး (ဝင်္ကဘာကွင်း) နှင့် ကိုရီးယားဆိပ်ကမ်းရှိ ရန်ပြေမာန်ပြေ ဘုရားရင်ပြင်တို့တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ပွဲတော်အတွက် စတိတ်ရှိုးစင်များ ဆောက်လုပ်ပြင်ဆင်နေပြီး ရက္ခိုင်အဆိုတော်ကြီးများ နှင့် ဂီတအဖွဲ့အစည်းများ ပါဝင်ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။

​စကမ သည် စစ်တွေမြို့တွင်းရှိ အရပ်သားပြည်သူများအား အခြားမြို့နယ်များသို့ ထွက်ခွာခွင့် လုံးဝမပြုဘဲ ပိတ်ပင်ထားပြီး၊ ထွက်ပြေးရန် ကြိုးပမ်းသူများကိုလည်း လိုက်လံဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

​တစ်ဖက်တွင်လည်း အာဏာသိမ်း စကမသည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသော မြို့ရွာများကို လေကြောင်းဖြင့် နေ့စဥ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်လျက်ရှိသည်။

​ပြီးခဲ့သည့် အောက်တိုဘာလ ၂၉ ရက်မှ ၃၁ ရက်နေ့များအတွင်း ပုဏ္ဏားကျွန်းမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်ဖြူမြို့နယ်နှင့် ပေါက်တောမြို့နယ်တို့တွင် စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရပ်သား ၁၂ ဦးထက်မနည်း သေဆုံးပြီး ၃၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ