သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေတွင် နေအိမ်အချို့ မီးလောင်ပျက်စီး

AB News – ဧပြီ ၂၈၊ ၂၀၂၅

စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်သည့် စစ်တွေမြို့၊ ရွှေပြည်သာရပ်ကွက်တွင် နေအိမ်တချို့ မီးလောင်ပျက်စီးနေကြောင်း ဒေသခံများ ပြောကြားချက်အရ သိရသည်။

စစ်တွေမြို့နယ်တွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ခိုက်မှုများရှိသောကြောင့် ၎င်းရပ်ကွက်များတွင် ပြည်သူများ မနေထိုင်တော့ဘဲ စစ်ကောင်စီတပ်သားများသာ တပ်စွဲထားကြောင်း စစ်တွေမြို့ခံတစ်ဦးက ဆိုသည်။

“အဲရပ်ကွက်တွေမှာ မြို့ခံတွေ မနေ​ကြ တော့ဘူး။ စစ်ကောင်စီတပ်သားတွေ တပ်စွဲနေတာပါ။ ဘယ်သူက မီးရှို့တာလဲ ဆိုတာတော့ ကျနော်လည်းမတိအကျမသိပါဘူး” ဟု သူက ဆိုသည်။

ရွှေပြည်သာရပ်ကွက်အနီးတွင် စစ်ကောင်စီ၏ ရွှေမင်းဂံရေတပ်စခန်းတည်ရှိပြီး ထိုနေရာမှ အနီးအနားရှိ ကျေးရွာများကို လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုများ နေ့စဥ်ပြုလုပ်နေကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီက စစ်တွေမြို့အနီးအနားဝန်းကျင်တွင်ရှိ ပြည်သူများနေထိုင်သည့် ကျေးရွာ များကို လေကြောင်းအသုံးပြုပြီး ဂျက်ဖိုက်တာများအပြင် ဒရုန်းများနှင့် လေကြောင်းဗုံးကြဲမှုများလည်း ပြုလုပ်နေ​သောကြောင့် ပြည်သူများ ထိခိုက်၊ သေဆုံးမှုများလည်း မြင့်တက်နေသည်ကို တွေ့ရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ