Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တပ်က အာဏာသိမ်းပြီး ၂နှစ်တာ ကာလအတွင်း ဖမ်းဆီးသတ်ဖြတ်ခံရသူ ၁၁၁၇ ဦး၊ သေဒဏ်ချမှတ်ခံရသူ ၁၅၀ဦး နှင့် ထောင်ဒဏ်ချမှတ်ခံရသူ ၅၂၇၄ ဦးထိရှိလာ

စစ်တပ်က အာဏာသိမ်းပြီး ၂နှစ်တာ ကာလအတွင်း ဖမ်းဆီးသတ်ဖြတ်ခံရသူ ၁၁၁၇ ဦး၊ သေဒဏ်ချမှတ်ခံရသူ ၁၅၀ဦး နှင့် ထောင်ဒဏ်ချမှတ်ခံရသူ ၅၂၇၄ ဦးထိရှိလာ

ABN – ကိုဟိန်းထွန်း

မြန်မာနိုင်ငံတွင် စစ်တပ်က ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က အာဏာသိမ်းပြီးနေ့မှစ၍ ယခုနှစ်မတ်လ ၃၁ ရက်နေ့အထိ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသူ ၁၁၁၇ ဦးရှိခဲ့ပြီး စစ်ကိုင်းတိုင်းက ပထမ၊ မန္တလေးတိုင်းက ဒုတိယ၊ မကွေးတိုင်းက တတိယနေရာမှာ ရှိနေသည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဧပြီလ ၃ ရက်နေ့တွင်ထုတ်ပြန်ထားသည်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPPသည် စစ်ကောင်စီ၏ မတရားဖိနှိပ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှု၊ ဖမ်းဆီးမှု၊ သတ်ဖြတ်မှုများကို စောင့်ကြည့်သည့်အဖွဲ့ဖြစ်ပြီး မှတ်တမ်းမှတ်ရာများဖြင့်အချိန်နှင့်တပြေးညီဖော်ပြသည့် ဌာနတစ်ခုဖြစ်သည်။

၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၃ မတ်လ ၃၁ ရက်နေ့အထိ ဖမ်းဆီးချုပ်နှောင်ခံရသူ ၁၇၀၇၅ဦး ၊ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသူ ၁၁၁၇ ရှိပြီး၊ သေဒဏ်ချမှတ်သူခံထားရသူ ၁၅၀ ရှိကာ ထောင်ဒဏ်ချမှတ်ခံထားရသူ ၅၂၇၄ ဦးရှိသည်။

သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရ သူ စုစုပေါင်း ၁၀၈ ဦး၊မျက်ကွယ်၌သေဒဏ်ချမှတ်ခံထားရသူ ၄၂ ဦးအပါအဝင်မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခံထားရသူ ၁၂၁ ဦးရှိ၍

စုစုပေါင်းသေဒဏ်ချမှတ်ခံထားရသူ ၁၅၀ ရှိပြီဖြစ်ကြောင်း AAPP မှဖော်ပြထားသည်။

၎င်းထဲမှ ဖမ်းဆီးချုပ်နှောင်ထားသူများတွင် အမျိုးသမီး ၂၀ ဒဿမ၂ရာခိုင်နှုန်း နှင့် ကလေးငယ်များဖမ်းဆီးမှု ၂ ဒဿမ ၈ ရာခိုင်နှုန်းရှိသည်ဟု နိုင်ငံရေးအကျည်းသားများ ကူညီစောက်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားသည်ကိုတွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ