Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းဆရာတစ်ဦးအပါဝင် ကျောင်းသား၄ဦးသေဆုံးခဲ့ကြောင်း KNU ထုတ်ပြန်

ABN-ထက်မြတ်ခင်

စက်တင်ဘာ ၁၁ရက်

စစ်ကောင်စီတပ်မှ KNUတပ်မဟာ ၅ ထိန်းချုပ်ထားသည့် ကရင်ပြည်နယ်၊ ဖာပွန် (မူတြော်) ခရိုင်တွင် လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ပြုလုပ်ခဲ့သည့်အတွက်ကြောင့် ကျောင်းဆရာတဦးအပါအဝင် ကျောင်းသား ၄ ဦး သေဆုံးခဲ့ပြီး ကျောင်းဆရာမ တဦး ၊ ကျောင်းသား ၅ ဦးနှင့် ရွာသားတဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ယနေ့စက်တင်ဘာ ၁၁ရက်နေ့ တွင်ထုတ်ပြန်ထားသည်။

စစ်ကောင်စီမှ လေကြောင်းဖြင့်တိုက်ခိုက်မှုကြောင့်သေဆုံးသူများမှာ ကျောင်းဆရာဖြစ်သူ အသက်( ၅၆)နှစ်အရွယ် ဦးစောဖာဒါး၊ ကျောင်းသား အသက် (၁၄)နှစ်အရွယ် စောအယ်မူလာ၊ ကျောင်းသူ အသက် (၁၆)နှစ်အရွယ် နော်ထီးခူဖော်၊ ကျောင်းသား အသက် (၁၃)နှစ်အရွယ် စောဘိုကြီးတို့ဖြစ်ကြသည်။

စစ်ကောင်စီ၏တိုက်လေယာဉ်သည် စက်တင်ဘာလ ၇ ရက်တွင် လူသောမြို့နယ်ရှိ သေသူးခီးကျေးရွာနှင့် ကော်ရော်ဘောထရွာတို့ကို တိုက်လေယာဉ်ဖြင့် တကြိမ်စီအပါအဝင် ဒွယ်လိုးမြို့နယ်၊ ထီးကော်ထာရွာကို တိုက်လေယာဉ်ဖြင့် တကြိမ် ဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

KNU က ဖာပွန်ခရိုင်ကို လူသောမြို့နယ် ၊ ဒွယ်လိုးမြို့နယ်နှင့် ဘူးသိုမြို့နယ်ဟူ၍ မြို့နယ် ၃ ခုခွဲကာ အုပ်ချုပ်နေပြီး မြို့နယ် ၂ ခုတွင် ဗုံးကြဲ တိုက်ခိုက်ခံရခြင်းဖြစ်သည်။

လေကြောင်းတိုက်ခိုက်မှုအတွင်း စာသင်ဆောင် ၁ ဆောင် ၊ ကျောင်းသား ဘော်ဒါဆောင် ၁ လုံး ၊ ဘုရားကျောင်း ၁ ကျောင်း ၊ ဝတ်ပြုဆုတောင်းရာ နေရာ ၁ နေရာနှင့် လူနေအိမ်ခြေ ၁၀ လုံးလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ