Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ခေါင်းဆောင်မင်းအောင်လှိုင်မှ စစ်ကောင်စီဝန်ထမ်များအား ယခင်သစ္စာအဓိဌာန် ၄ ချက်အပြင် နောက်ထပ် ၂ ချက်ထပ်တိုးပြီး နံနက်တိုင်း ရွက်ဆိုခိုင်း

အာဏာသိမ်းစစ်ကောင်စီတပ်ခေါင်းဆောင် မင်းအောင်လှိုင်မှ ယခင် သစ္စာအဓိဌာန် ၄ ချက်အပြင် နောက်ထပ် ၂ ချက်ကို ထပ်တိုးကာ တစ်နိုင်ငံလုံးရှိ စစ်ကောင်စီခန့် စကစဝန်ထမ်းများကို နံနက်တိုင်း ရွက်ဆိုခိုင်းနေကြောင်း သိရသည်။

ယခင်ဦးသိန်းစိန််အစိုးရလက်ထက်နှင့် NLD အစိုးရလက်ထက်တွင် ဝန်ထမ်းသစ္စာအဓိဌာန် ၄ ချက်သာရှိခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်လက်ထက်တွင်မူ နောက်ထပ် သစ္စာအဓိဌာန် ၂ ချက်ကို ထပ်မံဖြည့်သွင်းခဲ့ကာ တစ်နိုင်ငံလုံးရှိ ဝန်ထမ်းများအား ရွက်ဆိုခိုင်းနေခြင်းဖြစ်ကြောင်း သိရသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဆိုခိုင်းသည့် ဝန်ထမ်းသစ္စာအဓိဌာန် များမှာ-

၁။ ကြှနျုပျတို့သညျ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ သစ္စာကို စောင့်သိရိုသေပါမည်။

၂။ ကြှနျုပျတို့သညျ ပြည်ထောင်စုမပြိုကွဲရေးကို ဦးတည်ကြိုးပမ်း ဆောင်ရွက်ပါမည်။

၃။ ကြှနျုပျတို့သညျ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးကို ဦးတည်ကြိုးပမ်း ဆောင်ရွက်ပါမည်။

၄။ ကြှနျုပျတို့သညျ အမိနိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်ပါမည်။

*၅။ ကြှနျုပျတို့သညျ နိုင်ငံ့ဝန်ထမ်းပီသစွာဖြင့် ပါတီနိုင်ငံရေးနှင့် ကင်းရှင်းအောင် နေထိုင်ပါမည်။

*၆။ ကြှနျုပျတို့သညျ နိုင်ငံတော်က ပေးအပ်သော အမိန့်နှင့်တာဝန်များကို ဦးလည်မသုန် ကြိုးပမ်းဆောင်ရွက်သွားဦးပါမည် ဟူသည့် အချက် ၆ချက်ပင်ဖြစ်သည်။

ထိုအချက်များထဲမှ အချက် (၁)(၂)(၃)(၄)တို့မှာ ယခင်က ရှိခဲ့သည့် သစ္စာအဓိဌာန်များဖြစ်ကြပြီး (၅)နှင့်(၆)အချက်တို့ကိုမူ စစ်ခေါင်းဆောင်မင်းအောင်လှိုင်မှ ထပ်တိုးဖြည့်သွင်းထားသည့် အချက်များဖြစ်သည်။

ယခင်းအစိုးရများလက်ထက်က မြန််မာနိုင်ငံတွင် အစိုးရဝန်ထမ်းများအနေဖြင့် သစ္စာအဓိဌာန်များကို ရွက်ဆိုခြင်းများ မရှိခဲ့သော်လည်း ယခု အာဏာသိမ်းစစ်ကောင်စီလက်ထက်တွင် သစ္စာအဓိဌာန်များကို မနက်တိုင်းရွက်ဆိုခိုင်းနေသည်မှာ စစ်ကောင်စီတပ်၏ အရပ်သားနိုင်ငံ့ဝန်ထမ်းများကို စစ်တပ်ကဲ့သို့ ပုံသွင်းနေခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်မှ စစ်ကောင်စီဝန်ထမ်များအား ယခင်သစ္စာအဓိဌာန် ၄ ချက်အပြင် နောက်ထပ် ၂ ချက်ထပ်တိုးပြီး နံနက်တိုင်း ရွက်ဆိုခိုင်း

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ