သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကော်မရှင် အတုယောင်ရွေးကောက်ပွဲကို ခွင့်ပြုမည်မဟုတ်ကြောင်း KNU ပြော

AB – News နိုဝင်ဘာ ၁၈ ၊ ၂၀၂၅
ဂျူလိုင်

စစ်ကော်မရှင် ပြုလုပ်ကျင်းပမည့် အတုယောင်ရွေးကောက်ပွဲကို ခွင့်ပြုမည်မဟုတ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) က ယမန်နေ့ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် အတိအလင့် ထုတ်ပြန်ခဲ့သည်ကို တွေ့ရှိရသည်။

KNU ထိန်းချုပ်ရာဒေသအတွင်း ပြည်သူလာထုအား လိမ်လည်လှည့်ဖြားမည့် အတုအယောင်ရွေးကောက်ပွဲကို ခွင့်ပြုမည်မဟုတ်ဘဲ ဆန့်ကျင်သွားမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဒူးသထူခရိုင်၊ ဘားအံမြို့နယ်၊ မြို့နယ်အလုပ်အမှုဆောင်ကော်မတီမှ ထုတ်ပြန်ခဲ့သည်။

ပြည်သူလူထုအပေါ် မတရားဖမ်းဆီးခြင်း၊ အကျဥ်းချသတ်ဖြတ်ခြင်းအပြင် ဘာသာရေးအဆောက်အဦးများနှင့် လူနေအိမ်များအား ရည်ရွယ်ချက်ရှိရှိဖြင့် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများ၊ လေကြောင်းဖြင့် တိုက်ခိုက်ခြင်းများကို ပေါ်ပေါ်တင်တင်ပြုလုပ်ပြီး စစ်ရာဇဝတ်မှုကျးလွန်နေသည့် စစ်ကော်မရှင်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် အတုယောင်ရွေးကောက်ပွဲကို ကျင်းပရန် ပြင်ဆင်နေကြောင်း သိရှိရသည်။

ထို့ပြင် အတုယောင်ရွေးကောက်ပွဲတွင် စကမသည် ပြည်သူလူထုများအပေါ် အတင်းအဓမ္မ စစ်မှုထမ်းဥပဒေဖြင့်သော်လည်းကောင်း၊ စစ်ဘေးကြောင့် မိမိတို့ဒေသတွင်အေးချမ်းစွာနေထိုင်နိုင်ခြင်းမရှိဘဲ ကျန်ရှိသည့် မဲဆန္ဒရှင်ပြည်သူများအပေါ် ခြိမ်းခြောက်ဖိအားပေးခြင်းနှင့် အတင်းအဓ္ဓမ မဲပေးစေခိုင်းခြင်းများ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။

စစ်ကော်မရှင်သည် ပြည်သူလူထုများ နားလည်ရန်ခက်ခဲသော အီလတ်ထရောနစ်မဲပေးသည့်စနစ်ဖြင့် ၎င်းတို့လိုအပ်သည့် အဖြေထုတ်နိုင်အောင်ပြုလုပ်ပြီး မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒသဘောထားကို အလွှဲသုံးစားပြုလုပ်ရန် ကြံစေနေခြင်းမှာ အတုယောင်ရွေးကောက်ပွဲအဖြစ် ထင်ရှားကြောင်း ဆိုထားသည်။

ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ကြေညာချက်နှင့် အညီရပ်တည်မည်ဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း စစ်အာရှင်စနစ်သက်ဆိုးရှည်မည့် အတုယောင်ရွေးကောက်ပွဲတွင် ပူးပေါင်းပါဝင်ခြင်းများမလုပ်ကြရန် ကရင်အမျိုးသားအစည်းအရုံး(ဗဟို)က ထုတ်ပြန်ခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ