ABN-မေအိအိအောင်
ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်ကောင်စီအာဏာသိမ်းမှု ၂ နှစ်ပြည့်ဖြစ်ပြီး ဗမာပြည်အနှံ့တွင် ပြည်သူများ အသံတိတ် ဆန္ဒပြမှုများပြုလုပ်လျက်ရှိသည်။
ယနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက် ၁၀ နာရီမတိုင်မီ အချိန်မှစတင်ကာ အသံတိတ် ဆန္ဒပြမှုများကိုပြုလုပ်လျက်ရှိကြောင်းသိရသည်။
ရန်ကုန်မြို့ လူစည်ကားရာ ဆူးလေ၊ လှည်းတန်းနှင့် ရွှေတိဂုံစသည့်နေရာများတွင် လူသူ ကင်းမဲ့နေပြီး တခြားသော မြို့နယ်များတွင်လည်း လမ်းသွားလမ်းလာများ မရှိ တိတ်ဆိတ်နေသည်ကိုတွေ့ရသည်။





