သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ရှိ လက်နက်တိုက်နှင့် လေယာဉ်ထားရာနေရာများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မဟာမိတ်များ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့

ABN – သူရမောင်

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၃ နာရီ ၃ မိနစ်အချိန်တွင် စစ်ကောင်စီ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ရှိ လက်နက်တိုက်နှင့် လေယာဉ်ထားရာနေရာများကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် မဟာမိတ်တပ်များ ပူးပေါင်းကာ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ စစ်ကောင်စီအနောက်မြောက်တိုင်း စစ်ဌာနချုပ်တည်နေရာကို Shadow Rangerတပ်ဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ၁၀၇ မမ ရှော့တိုက်ဒုံး ၄ လုံးဖြင့် ၂ ကြိမ်ခွဲကာ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စခန်းထဲရှိ စစ်ကောင်စီတပ်သားအများအပြား ဒဏ်ရာရရှိသွားကြောင်း Shadow Rangerတပ်ဖွဲ့က ပြောဆိုထားသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၉ နာရီ ၁၈ မိနစ်တွင် စစ်ကောင်စီ အနောက်မြောက်တိုင်း စစ်ဌာနချုပ်သို့ ထပ်မံပစ်ခတ်လိုက်သည့် ရှော့တိုက်ဒုံးကျရောက် ပေါက်ကွဲမှုကြောင့် စခန်းတွင်းရှိ တပ်ကြပ်ကြီး၊ ဒုတပ်ကြပ်ကြီးနှင့် အခြားအဆင့်ရှိ တပ်သားစုစုပေါင်း ၄ ဦးသေဆုံးခဲ့ပြီး ၅ ဦးအား ဆေးရုံကားများဖြင့် ဝင်ရောက်ခေါ်ဆောင်ကာ ဆေးကုသမှု ခံယူခဲ့ရကြောင်း သိရသည်။

၉ နာရီ ၁၈ မိနစ်တွင် ဒုတိယ အကြိမ်ပစ်ခတ်သည့် ရှော့တိုက်ဒုံးမှာ စစ်ကောင်စီဌာနချုပ်အတွင်း ကင်းလှည့်ရန် လူစုချိန်တွင် ကျရောက်ပေါက်ကွဲသွားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် စစ်ကောင်စီတပ်မှ စစ်ကြောင်း ၇ ကြောင်းခွဲကာ နမခ တပ်စခန်း ဌာနချုပ်ကို လည်ပတ်ကင်းလှည့်လျက်ရှိကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ