Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ရွှေဘိုမြို့နယ်မှ ဒေသခံ နှစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရ

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ရွှေဘိုမြို့နယ်မှ ဒေသခံ နှစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရ

ABN-မေအိအိအောင်

စစ်ကောင်တပ်စီက ရဟတ်ယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် မန္တလေးတိုင်း ရွှေဘိုမြို့နယ်တွင် ၂ဦးသေဆုံးကာ ၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ယမန်နေ့ မတ်လ ၁၈ ရက်နေ့ နေ့လည် ၂ နာရီခန့်တွင် စစ်ကောင်စီက MI 35 ဂျတ်ရဟတ်ယာဉ်ဖြင့်လာရောက်တိုက်ခိုက်ခဲ့သည့်အတွက် ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာမှ ဒေသခံ ၂ ဦးသေဆုံးခဲ့ပြီး ၂ ဦးဒဏ်ရာရရှိခဲ့သည်။

ဆိပ်ခွန်ကျေးရွာမှ စစ်ကောင်စီ ဗုံးကြဲ၍ သေဆုံးသွားသူမှာ အသက် ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၅၅ နှစ်အရွယ်အမျိုးသမီး တစ်ဦးဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူများမှာ မစိုးရိမ်ရ အခြေအနေဖြစ်သည်။

ဖြစ်စဉ်မှာ ယမန်နေ့ နံနက်ပိုင်းက စစ်ကောင်စီမှ ၄၀ မမ ဖြင့် ရွာတွင်းသို့ ပစ်ခတ်တိုက်ခိုက်သဖြင့် ပြည်သူပိုင် ကားတစ်စီး ထိမှန်ပျက်စီးခဲ့သည့်အတွက် ရွှေဘို ဒေသပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က လက်လုပ် ၆၀ ၊ ၇၄ ကျည်၊ ဒရုန်းများဖြင့် ပြန်တိုက်ခဲ့သောကြောင့် စစ်ကောင်စီ လေယာဉ်ဖြင့် လာကြဲခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဂျက်ဖိုက်တာမှာ မုံရွာမြို့အနောက်ဘက် တိုင်း စစ်ဌာနချုပ်မှလာရောက် ပစ်ခတ်ခြင်းဖြစ်သည်ဟုသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ