Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီ၏ ရဟတ်ယာဉ် လုံခြုံရေးတပ်ကို KNUတိုက်ခိုက်

စစ်ကောင်စီ၏ ရဟတ်ယာဉ် လုံခြုံရေးတပ်ကို KNUတိုက်ခိုက်

ABN-ထက်မြတ်ခင်

စက်တင်ဘာ ၂၄ရက်

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်ကို ရိက္ခာ၊ ခဲယမ်းပို့ရန်လာသည့် အာဏာသိမ်းစစ်တပ်၏ ရဟတ်ယာဉ် အတွက် လုံခြုံရေးချထားသည့် အာဏာသိမ်းစစ်တပ်အဖွဲ့များကို တိုက်ခိုက်ခဲ့ကြောင်း KNUထုတ်ပြန်ထားသည်။

စက်တင်ဘာ ၂၀ရက် ညနေပိုင်းက အာဏာသိမ်းစစ်တပ်၏ ရဟတ်ယာဉ် ဆင်းနေရာကို လုံခြုံရေးယူပေးသည့် အာဏာသိမ်းစစ်တပ်အဖွဲ့ကို ပစ်ခတ်ခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေနေများကိုမသိရသေးကြောင်းဖော်ပြထားသည်။

စက်တင်ဘာ ၂၃ရက်မှာ အာဏာသိမ်းစစ်တပ်က ရဟတ်ယာဉ် ၃စီးဖြင့် ဖာပွန်ခရိုင် လူသောမြို့နယ် ခေါ့ဒေါခို့စခန်းကို စားနပ်ရိက္ခာနဲ့ ခဲယမ်းများပါသည့် အထုတ်ကြီး ၂ထုတ် လာပို့ခဲ့သည်ဟုသိရသည်။

ထို့အပြင် တနင်္သာရီတိုင်းဒေသကြီး၊ ပလမြို့နဲ့ လောင်းလုံးမြို့နယ်တို့တွင်လည်း ဒေသခံ ၇ ဦးကို စစ်ကောင်စီတပ်မှ နေအိမ်များကို အင်အားများနဲ့အတူ လာရောက်ဖမ်းဆီးသွားကြောင်းသိရသည်။

စက်တင်ဘာ ၂၂ ရက်နေ့ မနက် ၆ နာရီအချိန်ခန့်က စစ်ကောင်စီတပ်မှ လောင်းလုံးမြို့ ၊ ဂ ရပ် ကွက်နေ ကိုအောင်ကိုဝင်းနှင့် ကိုကျော်စိုးနိုင်တို့ ၂ ဦးကို နေအိမ်များသို့ လာရောက်ဖမ်းဆီးခဲ့သည်။

ထိုနေ့ ညနေပိုင်းက ပလမြို့တွင်လည်း ဦးနောင်မဲ၊ ဦးထွေးသိမ်း၊ ကိုနိုင်မင်းနဲ့ကိုလတ်နှင့် အမျိုးသမီးတစ်ဦးအပါအဝင် ဒေသခံ ၅ ဦးကို ထပ်မံဖမ်းဆီးထားသည်ဟုသိရသည်။

စစ်ကောင်စီတပ်မှ ဖမ်းဆီးထားသည့် ဒေသခံများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် ပတ်သက်ဆက်နွယ်နေသူ ဖြစ်ကြောင်း စွပ်စွဲချက်​ဖြင့် ဖမ်းဆီးသွားကြောင်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ