Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီ၏အကြမ်းဖက်မှုကြောင့် ၁၈ နှစ်အောက် ကလေး ၄၉၀ ကျော်သေဆုံးခဲ့ရသည်ဟု NUGထုတ်ပြန်

ABN-ရှိုင်းမိုး

အောက်တိုဘာ ၅ရက်

အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်မှုကြောင့် မြန်မာနိုင်ငံတွင် ၁၈ နှစ်အောက်ကလေးငယ် ၄၉၀ ကျော်သေဆုံးခဲ့ရသည်ဟု NUGမှ ယနေ့ထုတ်ပြန်လိုက်သည်။

ထိုနည်းတူ စာသင်ကျောင်းပေါင်းလည်း ၁၁၉ ကျောင်းထိခိုက်ပျက်စီးခဲ့ရသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပြန်လိုက်သည်။

အကြမ်းဖက်စစ်တပ်မှ တိုက်ပွဲမရှိဘဲ လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် ခန္ဓီဝံသာရာမ ကျောင်းတိုက်ဘေးနားရှိ ပြည်သူ့ပညာရေးစာသင်ကျောင်းထဲသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သည်ဟုသိရသည်။

ထိုသို့လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၇နှစ်မှ ၁၄နှစ်အရွယ် ကလေး ၂၂ဦးနှင့် ဆရာမ ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်းထုတ်ပြန်ထားသည်။

အလားတူ အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုအကြိမ်သည် လည်း ၂၅၃၁ကြိမ်ရှိခဲ့သည်ဟု ထုတ်ပြန်ချက်မှာပါဝင်သည်။

အခုလိုပြုလုပ်ခြင်းသည် စစ်ကောင်စီမှ အာဆီယံအဖွဲ့၏ ဘုံသဘောတူညီချက်၅ချက်နှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာ့အရေးဆုံးဖြတ်ချက်အမှတ် ၂၆၆၉တို့ကို အကြမ်းဖက်စစ်ကောင်စီက လိုက်နာမှုမရှိခြင်းကိုပြသလိုက်ခြင်းဖြစ်သည်ဟု NUGမှထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်အုပ်စုကို အရေးယူနိုင်ရန် နိုင်ငံတကာ၊ ဒေသဆိုင်ရာနဲ့ တစ်နိုင်ငံချင်းစီ တရားစွဲဆိုအရေးယူနိုင်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်ရန် NUGကတောင်းဆိုထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ