AB News – မတ် ၂၇ ၊ ၂၀၂၅
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါက်တာမှုထန် ပိုင်ဆိုင်သည့် အိမ် ၊ ခြံ ၊ မြေ အားလုံးကို Chinland Defense Force – Thantlang (CDF-TT ) အပြီးအပိုင် သိမ်းဆည်းခဲ့ကြောင်း (CDF-TT ) က မတ်လ ၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ဒေါက်တာမှုထန်သည် ထန်တလန်မြို့တစ်ခုလုံးကို မီးရှို့ဖျက်စီးနေသည့် အကြမ်းဖက် စစ်ကောင်စီတပ်ကို အားပေးသူ ၊ ပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုတ်စွာ အကောင်အထည်ဖော် ဆောင်ရွက်သည့် လုပ်ငန်းများတွင် တက်တက်ကြွကြွပါဝင်သူဖြစ်ရုံသာမက အကြမ်းဖက် စစ်ကောင်စီတပ်က ဖွဲ့စည်းသည့်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ကြောင်း သိရှိရသည်။
ထို့အတွက်ကြောင့် ၎င်းပိုင်ဆိုင်သည့် အိမ် ၊ ခြံ ၊ မြေများအားလုံးကို ယခုတော်လှန်ရေးကာလအတွင်းပြည်သူလူထုကိုယ်စား CDF-Thantlang Council က အပြီးပိုင်သိမ်းဆည်းလိုက်ပြီ ဟု ဆိုသည်။
ထပ်ပြီး လိုအပ်သည်များကိုလည်း ဆက်လက်ကိုင်တွယ်သွားမည်ဖြစ်ကြောင်းနှင့် အသစ်တက်လာမည့်အစိုးရသစ်ထံသို့ ထပ်မံလွှဲအပ်မည်ဖြစ်ကြောင်း CDF – TT က ဆိုသည်။