Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီအဖွဲ့က ပြည်သူများအထင်အမြင်လွဲအောင် သတင်းတု၊ သတင်းမှားများဖြင့် ပုံမှားရိုက် ရေးသားဖြန့်ချီနေကြောင်း ​ညီနောင်မဟာမိတ် ၃ ဖွဲ့ထုတ်ပြန်

AB News – ဒီဇင်ဘာ ၁၉၊ ၂၀၂၃

ရှမ်းမြောက်တိုက်ပွဲ နှင့် ရက္ခိုင်ဒေသတိုက်ပွဲအတွင်း အရှုံးဖြင့် ရင်ဆိုင်နေရသည့် အကြမ်းဖက်စစ်ကောင်စီအဖွဲ့သည် ပြည်သူများအထင်အမြင်လွဲမှားစေရန် သတင်းတု၊ သတင်းမှားများဖြင့် ပုံမှားရိုက်ပြီး ဖြန့်ချီရေးသားလာနေသည်ဟု မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ယမန်နေ့ ဒီဇင်ဘာလ ၁၈ ရက် ညဥ့် ၁၁ နာရီ ၃၁ မိနစ်တွင်ထုတ်ပြန်သည်။

လက်ရှိမြေပြင်သတင်းအရသော်၎င်း၊ စစ်ဘက်ဆိုင်ရာသတင်းအရသော်၎င်း စစ်ကောင်စီအဖွဲ့မှ ထုတ်ပြန်သောသတင်းများသည် တိကျမှန်ကန်မှုမရှိခြင်း၊ အခြားတစ်ဖက်တွင်လည်း AA ၏သတင်းထုတ်ပြန်ချက်များကို Screenshot ရိုက်ပြီး မဟုတ်မမှန်ဖြန့်ချီနေခြင်း၊ ရက္ခိုင်အခြေစိုက်သတင်းဌာနများမှ အချိန်နှင့်တပြေးညီထုတ်လွှင့်လျက်ရှိသော သတင်းမှန်များကိုလည်း သတင်းတု၊သတင်းအမှားဟုခေါင်းစဥ်တပ်ပြီး လုပ်ကြံဖန်တီးလာနေခြင်း၊ ယခင်မူးယစ်​ဆေးဝါးဖြင့်ဖမ်းဆီးထားသော အချုပ်သားများကို AA တပ်သားဟု လုပ်ကြံသုံးနှုန်းလာသည်ကို တွေ့ရသည်။

ထုတ်ပြန်ချက်၌ရေးထားသည်မှာ “ယခုရက်ပိုင်းများအတွင်း ရန်သူသည် မိမိတို့ညီနောင်မဟာမိတ် (၃) ဖွဲ့အား ပြည်သူလူထုနှင့် စိတ်ဝမ်းကွဲစေသော သတင်းတု၊ သတင်းမှားများ လုပ်ကြံဖန်တီးကာ ဖြန့်ချီခြင်းများအပြင် ရန်သူ့လက်ပါးစေအဖွဲ့များမှ တဆင့် ပြည်သူလူထု အထင်အမြင်လွဲမှားစေသော လုပ်ကြံမှုများကို ယခင်လုပ်နေကျအတိုင်း ပုံမှားရိုက် ပြုလုပ်လာသည်ကို တွေ့ရသည်” ဟု မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ဆိုသည်။

ရက္ခိုင်တိုက်ပွဲ ၃၆ ရက်ကြာတိုက်ပွဲအတွင်း စစ်တွေ၊ပေါက်တော ၊ ကျောက်ဖြူ၊ မြေပုံ၊ တောင်ကုတ်၊ အမ်း၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပလက်ဝ၊ ကျောက်တော်၊ သံတွဲ၊ မြောက်ဦး၊ မင်းပြား တို့မှ စစ်ကောင်စီ၏စခန်းကြီး၊ စခန်းငယ် ၁၄၂ ခုကို ရက္ခိုင့်တပ်တော်က အပြီးပိုင်သိမ်းထားပြီးဖြစ်သည်။

၂ ဖက်တိုက်ပွဲဖြစ်ခဲ့ပွားစဥ်၌ စစ်ကောင်စီတပ်ဖွဲ့ ဝင် ရာချီ သေဆုံးခဲ့ပြီး၊ AA ထံလက်နက်ချအလင်းဝင်ရောက်သူ ၁၀၀ ကျော်နီးပါးရှိသည့်အတွက်ကြောင့် အကြမ်းဖက်စစ်ကောင်စီ၏ ယခင်အဆက်ဆက်လုပ်ထုံးလုပ်နည်းအတိုင်း သတင်းတုများလုပ်ကြံဖန်တီးကာ ပြည်သူများသို့ ဝါဒဖြန့်ထုတ်လွှင့်လျက်ရှိသည်။

ထို့အပြင် စကစအဖွဲ့သည် ရက္ခိုင့်တပ်တော်တပ်ဖွဲ့ဝင်များ၏ ယူနီဖောင်းအဝတ်များကို အတု​လုပ်ပြီး ၎င်းတို့၏သေဆုံးသွားခဲ့သော တပ်သားအလောင်းများတွင် ဝတ်ဆင်ကာ ရက္ခိုင်ပြည်သူလူထု အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်လျက်ရှိသည်ကိုလည်း တွေ့ရသည်။

လက်ရှိရက္ခိုင်ဒေသအတွင်း ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ နေ့စဥ်ရက်ဆက် တိုက်ပွဲပြင်းထန်လျှက်ရှိပြီး လက်န​က်ကြီးကျည်ထိမှန်၍ သေဆုံးသွားခဲ့သောပြည်သူများကို ရက္ခိုင့်တပ်တော်က သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီပိုင် ဝါဒဖြန့် မီဒီယာများက နေ့စဥ် အချိန်ကိုက် ထုတ်လွှင့်မှုများလည်း ရှိနေသည်။

ရက္ခိုင်ပြည်သူအထင်အမြင်လွဲမှားစေရန်နှင့် သတင်းအမှောင်ချရန်ကြိုးစားလျက်ရှိသော စစ်ကောင်စီ၏ ဝါဒဖြန့် မီဒီယာများမှာ မေယုဌာနေ ( May Yu Htar Nay) ရခိုင်ပြည်နယ်အကြမ်းဖက်မှုဖျက်တိုက်ဖျက်ရေးအဖွဲ့ ( Anti – Terrorism Team Of Rakhine State ) မြဝတီ၊ မြန်မာ့အသံ ၊ Min Chit Oo Channel၊ DOROR WADDY MEDIA ၊ Western 24 News၊ ရမ်းဗြဲသတင်းစုံ အပါအဝင် တစ်ခြား Facebook စာမျက်နှာများလည်း ရှိကြောင်း တွေ့ရသည်။

စစ်ကောင်စီအဖွဲ့သည် ရက္ခိုင်ရှိမီဒီယာများကို ချိတ်ပိတ်ခြင်း၊ သတင်းသမားများကို ဖမ်းဆီးခြင်း၊ သတင်းပို့ပေးသူများကို လိုက်လံရှာဖွေခြင်းများ ပြုလုပ်ကာ ရက္ခိုင်ဒေသမှ သတင်းများကို သတင်းအမှောင်ချရန် ကြိုးစားနေသည်။

ထို့အပြင် စစ်ကောင်စီအဖွဲ့သည် အရပ်ဘက်အဖွဲ့အစည်းရုံးများကို ဝင်ရောက်စီးနင်းခြင်း၊ ပြည်သူများအား ဥပဒေမဲ့ ဖမ်းဆီး တရားစွဲဆိုခြင်းများကို လက်နက်အားကိုးဖြင့် အင်အားပြခြိမ်းမှုများကို ပြုလုပ်လျက်ရှိသည်။

ရက္ခိုင်တွင် စစ်ကောင်စီက တိုက်ပွဲစဖြစ်သည့် နိုဝင်ဘာလ ၁၃ ရက်နေ့ကတည်း ကုန်းလမ်း၊ ရေလမ်းများကို ဖြတ်တောက်ထားသည့်အတွက် အင်တာနက်၊ ဖုန်းလိုင်း တာဝါတိုင်များတွင် စက်သုံးဆီပြတ်လပ်ကာ ဖုန်း အင်တာနက် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်လာနေပြီဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မပြီးမြောက်သေးသည့် တစ်နိုင်ငံလုံးအတိုင်းအတာ တော်လှန်ရေးခရီးပန်းတိုင်နှင့် သက်ဆိုင်ရာလူမျိုးနှင့် ဒေသတို့၏ အန္တိမပန်းတိုင်သို့ ရက္ခိုင့်တပ်တော်နှင့်အတူ တက်လှမ်းသွားမည်ဖြစ်ကြောင်း ညီနောင်မဟာမိတ် PSLF/TNLA နှင့် MNTJP/MNDAA ဆို