Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီဝန်ကြီးများအဖွဲ့ မူဆလင်ဒုက္ခသည်များနဲ့ တွေ့ဆုံရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ယနေ့မနက်က ထွက်ခွာ

စစ်ကောင်စီဝန်ကြီးများအဖွဲ့ မူဆလင်ဒုက္ခသည်များနဲ့ တွေ့ဆုံရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ယနေ့မနက်က ထွက်ခွာ

ABN-ရှိုင်းမိုး

မတ်လ ၁၄ရက်နေ့ နံနက် ၈နာရီ ၁၅မိနစ်အချိန်တွင် စစ်ကောင်စီဝန်ကြီးများအဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မူဆလင်ဒုက္ခသည်များနှင့်တွေ့ဆုံရန် မောင်တောမြို့ ကညင်တန်းရပ်ကွက် အောင်မြေဗောဓိရွာရှိ ထွေအုပ်ရိပ်သာသို့ရောက်ရှိခဲ့ကြသည်။

ထို စစ်ကောင်စီဝန်ကြီးများအဖွဲ့သည် ယနေ့ ၉နာရီအချိန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဒုက္ခသည်များနဲ့ တွေ့ဆုံရန် speed boat များဖြင့်ထွက်ခွာသွားကြောင်းသိရသည်။

၎င်းအဖွဲ့တွင် စစ်ကောင်စီလူမှုရေးဝန်ကြီး အောင်မျိုးဦး ၊ လဝကညွှန်ကြားရေးမှူး မင်းဇော်၊ အမျိုးသားမှတ်ပုံတင်ရေးဦးစီဌာနမှ ညွှန်ကြားရေးမှူး စောနိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ လင်းထက်အောင်၊ ကိုယ်ရေးအရာရှိ ၁ဦး၊ မောင်တောဖက်မှ ဥက္ကဌ ၂ဦး၊ ခရိုင်လဝကမှူး ထွန်းစံလှ၊ လဝကမှူး မြစိန်၊ ဒုလဝကမှူး အောင်ထွန်းလင်း၊ မကဖ- လဝက ( ကျီကန်းပြင် ) အဖွဲ့မှူး ဗိုလ်မှူး ကျော်မော်ထွန်း ထွေအုပ်ဝန်ထမ်းမှ ထွန်းမြင့်၊ အုပ်ချုပ်ရေးမှူး အဒူရော်မာန်၊ မြို့မအရှိရပ်ကွက်မှ ဟိန္ဒူလူမျိုး ဆူဘမ်(ခ) ကျော်ကျော်နိုင်၊ မြို့မတောင်ရပ်ကွက်‌မှ မတ်ရှော်ရိပ်ခ်၊ မောင်တောမြို့နယ်ရဲတပ်ဖွဲ့လက်အောက် နယ်ထိန်းအဖွဲ့(၅)ဦး စုစုပေါင်းအင်အား (၂၀)ဦး ဖြစ်ကြောင်း သိရသည်။

“ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေနှင့် သွားတွေ့ဖို့အတွက် မနေ့က ၈နာရီကျော်လောက်ကရောက်ပါတယ်၊ ဒီနေ့ ၉နာရီကျော်လောက်ကထွက်သွားပါပြီ၊ မူဆလင် ဒုက္ခသည်တွေကို မောင်တောဖက်က ဒုက္ခသည်စခန်း ၃ ခုကို ပို့ပေးမယ်လို့ကြားပါတယ်၊ အဲဒါကြောင့် သူတို့ကိုယ်တိုင်သွားတွေ့တာလို့သိရပါတယ်” ဟု မောင်တောဒေသခံတစ်ဦးက ပြောသည်။

မတ်လ ၅ရက်နေ့ နေ့လည် ၂ နာရီကျော်အချိန်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားမှ ဘာလုခါလီ မူဆလင် ဒုက္ခသည်စခန်းမီးလောင်းမှုဖြစ်ပွားခဲ့သောကြောင့် အိမ်ခြေ ၂၅၀၀ ကျော်မီးပြာကျသွားပြီး မိသားစု ၃၀၀၀ နီးပါး အိုးမဲ့အိမ်မဲ့ဖြစ်ပြီးကာ အိမ်ခြေ ၂၅၀၀ ကျော်နှင့် လူပေါင်း ၁၀၀၀၀ ကျော်နီပါး နေစရာမရှိဖြစ်ခဲ့ရသည်။

“အဲဒီမီး‌လောင်မှုကြောင့် ဒုက္ခသည်တွေနေစရာမရှိ၊ အိပ်စရာမရှိဖြစ်သွားကြတယ်၊ တချို့လည်း ဒုက္ခသည်စခန်းအပြင်ဘက် လမ်းမတွေပေါ်မှာ စုပြီး နေထိုင်နေကြပါတယ်” ဟုမူဆလင်ဒုက္ခသည် တစ်ဦးကပြောသည်။

စစ်ကောင်စီဝန်ကြီးများခရီးစဥ်သည် မူဆလင် ဒုက္ခသည်များနေရပ်ပြန်နိုင်ရေးအတွက် ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ ဆွေနွေးရန်သွားသည်ဟုသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပါတီခေါင်းဆောင်တစ်ဦး သေဆုံးပြီးနောက် နိုင်ငံအတွင်း ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်တို့ကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားကာ ရဲအရာရှိ ၁၅ ဦးဒဏ်ရာရရှိခဲ့ပြီး ပြည်သူ တစ်ဦး သေဆုံး