သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီမှ ဒဂုံတက္ကသိုလ်ကျောင်းသား ( ၇) ဦးကို သေဒဏ်ချမှတ်

နိုဝင်ဘာလ ၃၀ ရက်နေ့က ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးကို စစ်ကောင်စီမှ သေဒဏ်ချမှတ်လိုက်သည်ဟု သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၁ ရက်နေ့၌ ကမ္ဘာ့ရတနာဘဏ် ပစ်ခတ်ခံရမှုဖြစ်စဥ်နှင့်ပတ်သတ်၍ ဖမ်းဆီးခံခဲ့ပြီး စစ်ကောင်စီမှ အဓမ္မ တရားစွဲဆို၍ သေဒဏ်ချမှတ် ခဲ့ခြင်းဖြစ်သည်။

သေဒဏ် ကျခံရသူများမှာ သူရမောင်မောင်၊ ခန့်ဇင်ဝင်း၊ ဇော်လင်းနိုင်၊ သီဟထက်ဇော်၊ ဟိန်းထက်၊ သက်ပိုင်ဦး၊ ခန့်လင်းမောင်မောင်တို့ကို ဥပေဒပုဒ်မ ၃၀၂ (က) ဖြင့်မတရားစွဲ၍ အင်းစိန်ထောင် စစ်ခုံရုံးမှ ယမန်နေ့ နိုဝင်ဘာ ၃၀ ရက်နေ့က သေဒဏ် ချမှတ်ခဲ့သည်ဟု သိရသည်။

ကျောင်းသားများကို သေဒဏ်ချမှတ်ခြင်းသည် စစ်အုပ်စုက ၎င်းတို့အား ဆန့်ကျင်သူမှန်သမျှအလုံးစုံပျက်သုဉ်းသည်အထိ ကလဲ့စားချေလိုသည့် အဓမ္မလုပ်ရပ်ဖြစ်သည်။

ထို့အပြင် သေဒဏ်ချမှတ်ခြင်းဆိုသည့်လုပ်ရပ်သည် လူ့အခွင့်အရေးနှင့် လူသားတစ်ဦး၏ အသက်ရှင်သန်နေထိုင်ခွင့်အပေါ် ပြောင်ပြောင်တင်းတင်း လူ့အခွင့်အရေး ချိုးဖောက်ကာအကြမ်းဖက်ကျူးလွန်ခြင်းဖြစ်ကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။

ကျောင်းသားများအပေါ် သေဒဏ်ချမှတ်ရာတွင်ပါဝင်ပတ်သက်ခဲ့သော ရဲ၊ အကျဉ်းဦးစီးနှင့် တရားရေးဌာနမှစစ်ကောင်စီလက်အောက်ခံအားလုံးကို တာဝန်ယူ ၊ တာဝန်ခံမှုရှိစေရေးတို့အတွက် ဆက်လက်ဆောင်ရွက်သွားမည်ဟုလည်း ပြန်ပါရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ