Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီနှင့် TNLAတို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီမှ လေကြောင်းသုံးတိုက်ခိုက်မှုကြောင့် နေအိမ် ၁၀လုံးပျက်စီ

နေအိမ် ၁၀လုံးပျက်စီး

ABN-ထက်မြတ်ခင်

အောက်တိုဘာ ၂၂ရက်

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်နှင့် ရှမ်းပြည်နယ်

(မြောက်ပိုင်း) နမ့်ခမ်းမြို့တို့တွင် ယမန်နေ့ အောက်တိုဘာလ ၂၁ရက်နေ့က စစ်ကောင်စီနှင့် TNLAတို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီမှ လေကြောင်းသုံးတိုက်ခိုက်မှုကြောင့်

နေအိမ် ၁၀လုံးပျက်စီးခဲ့သည်ဟု ဒေသတွင်းမျာအရသိရသည်။

တိုက်လေယာဉ် (၂)စီးဖြင့် ဗုံး(၈)လုံး လာရောက်ကျဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် အထက်ညောင်ကုန်းကျေးရွာရှိ ဒေသခံနေအိမ် (၁၀)လုံးထက်မနည်း မီးလောင်ပျက်စီးသွားခဲ့သည်ဟု သိရသည်။

တအာင်းအမျိုးသားလွတ်မြောက်ရေး(TNLA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ဟုသိရသည်။

နမ့်ခမ်းမြို့နယ်တွင် စစ်ကောင်စီတပ်ရင်း စကခ (၇)၊ ခမရ (၄၂၇)တို့သည် ပန်ဟန်ကြီးကျေးရွာက TNLAရှိရာသို့ ထိုးစစ်ဆင်လာကာ စယ်နေကျေးရွာနှင့် ဖာပြန်ရွာအကြား၌ နံနက်ပိုင်းမှ ညနေ ၄ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်ထံမှ အလောင်းတစ်လောင်း၊ လက်ထောက်(၁)လက်နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

မိုးကုတ်မြို့နယ်တွင်လည်း စစ်ကောင်စီတပ် တပ်မ(၄၄)၊ ခလရ (၁၀၂)၊(၁၀၄)၊ လပခ/ခလရ(၈၈)တို့နှင့် TNLAတို့ အထက်ညောင်ကုန်းရွာအနီးတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ညနေပိုင်းတွင် စစ်ကောင်စီတပ်သည် အောက်ညောင်ကုန်းရွာမှ TNLAရှိရာသို့ ထပ်မံထိုးစစ်ဆင်လာခြင်းကြောင့် အထက်ညောင်ကုန်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

ယခုနှစ်တွင် TNLAနှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲ အဆက်မပြတ် ပြင်းထန်းခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုနှင့် လက်နက်ခဲယမ်းဆုံးရှုံးမှုများသည်ကို တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ