Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီထိန်းချုပ်မှုအောက်တွင် ရှိသော စစ်တွေနှင့် ကျောက်ဖြူမြိုအတွင်း ပိတ်မိနေသည့် ပြည်သူများကို လွတ်မြောက်နယ်မြေတွင် လာရောက်နေထိုင်ကြရန် အာရက္ခတပ်တော် တပ်မှူးချုပ် အကြုံပြု

စစ်ကောင်စီထိန်းချုပ်မှုအောက်တွင် ရှိသော စစ်တွေနှင့် ကျောက်ဖြူမြိုအတွင်း ပိတ်မိနေသည့် ပြည်သူများကို  လွတ်မြောက်နယ်မြေတွင် လာရောက်နေထိုင်ကြရန် ၁၅ နှစ်မြောက် အာရက္ခတပ်တော်နေ့ အခမ်းအနားသို အာရက္ခတပ်တော် တပ်မှူးချုပ်မှ ပေးပိုသော သဝဏ်လွှာတွင် အကြုံပြုထားသည်ကို တွေ့ရှိရသည်။

၁၅ နှစ်မြောက် အာရက္ခတပ်တော်နေ့ အခမ်းအနားသို အာရက္ခတပ်တော် တပ်မှူးချုပ်မှ ပီးပိုသော သဝဏ်လွှာတွင် “စစ်တွေ၊ ကျောက်ဖြူမြိုများကဲ့သို ရန်သူ့ထိန်းချုပ်နယ်မြေအတွင်း ပိတ်မိနေသော ပြည်သူများအနေဖြင့် အဆင်ပြေနိုင်သည့် နည်းလမ်းအမျိုးမျိုးဖြင့်မကြာခင် အချိန်တစ်ခုအတွင်းမှာ လွတ်မြောက်နယ်မြေအတွင်း လာရောက်နေထိုင်ကြရန် အကြုံပြုလိုပါသည်” ဟု ရက္ခိုင်ဘာသာစကားဖြင့် ရေးသားဖော်ပြထားသည်။

အဆုံးအဖြတ်တိုက်ပွဲကြီးများအတွက် ပြင်ဆင်စရာများကို ပြင်ဆင်ရမည်ဖြစ်ကြောင်း အသိပေး ဖော်ပြထားသည်။

ရက္ခိုင်ဒေသအတွင်း ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှ စတင်ကာ အာရက္ခတပ်တော်နှင့် စစ်ကောင်စီအဖွဲတို တတိယအကြိမ် တစ်ကျော့ပြန် တိုက်ပွဲများ ဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်ကောင်စီသည် ကုန်းကြောင်း၊ ရေကြောင်း လမ်းများကို ပိတ်ဆိုခဲ့သည်။

ယခု လက်ရှိတွင် အာရက္ခတပ်တော်သည် အကြမ်းဖက်စစ်ကောင်စီကို တိုက်ထုတ်ပြီး ရက္ခိုင်ပြည်ရှိ မြို ၁၇မြိုအနက် မြို ၉မြိုကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ်ထားသည်။

ထိုအပြင် အာရက္ခတပ်တော်သည် ရက္ခိုင်-ဘင်္ဂလာ နယ်စပ်မြိုဖြစ်သည့် ဘူးသီးတောင်၊ မောင်တောနှင့် စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်း စစ်ဒေသချုပ်တည်ရှိရာ အမ်းမြိုကို အင်အားအလုံးအရင်းဖြင့် အရှိန်မြင့် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ကိုလည်း တွေ့ရသည်။

သိုသော်လည်း အကြမ်းဖက်စစ်ကောင်စီသည် ရက္ခိုင်ပြည်ရှိ မြိုတော် စစ်တွေနှင့် ကျောက်ဖြူမြိုမှ မြိုခံပြည်သူများကို မြိုအဝင်အထွက် ပိတ်ဆိုထားပြီး လူသားဒိုင်းကာအဖြစ် လူမဆန်စွာ ထိန်းသိမ်းထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ