Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီတပ် ဘုရားဆင်းတုတော်များကိုပါ ရိုက်ချိုးဖျက်ဆီးနေ

ABN-မေ ၆ ရက်

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်၊ ကံသစ်ရွာ ဘုန်းတော်ကြီးကျောင်းရှိ ဘုရားဆင်းတုတော်များကို စစ်ကောင်စီတပ်က ရိုက်ချိုးဖျက်ဆီးခဲ့ကြောင်း သိရသည်။

ခင်ဦးမြို့နယ် ကံသစ်ရွာသို့ စစ်ကောင်စီတပ်က ၄ ကြိမ်မြောက် မီးရှို့ ဖျက်ဆီးရာတွင် ဘုရားဆင်းတုတော်များကို ရိုက်ချိုးဖျက်ဆီးပြီး မီးရှို့ခဲ့ခြင်းဖြစ်သည်။

စစ်ဖက်နှင့် မသက်ဆိုင်သည့် ဘာသာရေးဆိုင်ရာ အဆောက်အဦးများနှင့် ဘာသာရေးဆိုင်ရာ ရုပ်တုတော်များကို စစ်ကောင်စီက ဖျက်ဆီးခြင်းသည့် စစ်ရာဇဝတ်မှု ကျူးလွတ်ခြင်းဖြစ်သည့်အပြင် စစ်ပွဲအတွင်း လိုက်နာရမည့် စည်ကမ်းများကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ခင်ဦးမြို့နယ်မှ ဆရာတော် တပါးက မိန့်သည်။

“စစ်နှင့်ဘုရား ဘာမှ မပတ်သက်ဘူး။ ဘုရား သာသနိက အဆောက်အဦးတွေကို တိုက်ပွဲအတွင်း မထည့်သွင်းသင့်ဘူး။ ဒီလိုမီးရှို့တာ၊ ရိုက်ချိုးဖျက်ဆီးတာမျိုးက စစ်ရာဇဝတ်မှုမြောက်သလို စစ်ပွဲအတွင်း လိုက်နာရမယ်လို့ နိုင်ငံတကာက ချမှတ်ထားတဲ့ စည်းကမ်းတွေကို ချိုးဖောက်ရာ ရောက်ပါတယ်” ဟုမိန့်သည်။

ရခိုင်တွင် ၂၀၁၈-၂၀၂၀ ကာလ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ကြား တိုက်ပွဲ ဖြစ်ခဲ့စဥ်ကလည်း စစ်ကောင်စီတပ်က ဘုရားဆင်းတုတော်များကိုပါ သေနတ်ဖြင့် ပတ်ခတ်ခဲ့ပြီး ဘုန်းတော်ကြီးကျောင်းများနှင့် ဘုရားပုထိုးများတွင် စခန်းချနေထိုင်မှုများ ပြုလုပ်ခဲ့သည်။ လက်ရှိအချိန်ထိ တချို့သော ဘုရားတော်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းချနေထိုင်လျက်ရှိနေသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
UNESCO အသိအမှတ်ပြုခံရဖို့ ကြိုးစားနေရဆဲ မြောက်ဦးမြို့ဟောင်းရှိ ရှေးဟောင်းသမိုင်းဝင် စေတီပုထိုးတော်တွေကို မိုးရာသီ ရေညှိစိမ်းစိမ်းစိုစိုဖြင့် လှပနေတဲ့ ဓာတ်ပုံမြင်ကွင်းများဖြစ်ပါတယ်။
မုန်တိုင်းကြောင့် မဟာမုနိဘုရားတွင် စိန်ပွင့်ငယ်တစ်ပွင့် ပျောက်ဆုံးနေပြီး၊ ပြိုကျသွားသည့် ကျောက်စိမ်းတုံးထားရှိသည့် အဆောင်ငယ်ကို မြောက်ဦးဆရာတော်မှဦးဆောင် ပြုပြင်သွားမည်ဟုသိရ