Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီတပ်၏ သစ်ချဆိပ်စခန်းအား KNLA က တိုက်ခိုက်သိမ်းပိုက်

ABN-ထက်မြတ်ခင်

စက်တင်ဘာ ၂ရက်

အကြမ်းဖက်စစ်ကောင်စီ၏ တပ်စခန်းတစ်ခုဖြစ်သည့် သစ်ချဆိပ်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်( K.N.L.A)က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KNUမှ ယနေ့ဩဂုတ်လ ၂ရက်နေ့တွင်ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီ၏ သစ်ချဆိပ်စခန်းမှာ KNU၏အုပ်ချုပ်ရေးနယ်မြေ၊ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်၊ မှုး(မုန်း)မြို့နယ်တွင်ရှိသည်။

စစ်ကောင်စီ၏ သစ်ချဆိပ်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တော်( K.N.L.A)

တပ်ရင်း (၈)၊ တပ်ရင်း (၉)၊ ကရင်အမျိုးသားကာကွယ်ရေးတပ် ( KNDO ) တပ်ရင်း (၃) တို့ပူးပေါင်းထားသော တပ်မဟာ ဌာနချုပ် စစ်ကြောင်းနှင့် လက်အောက်ခံ ပူးပေါင်းတပ်ဖွဲ့များမှာ ၂၀၂၃ ခုနှစ် ဩဂုတ်လ (၃၁) ရက်နေ့ မနက် (၅) နာရီ တွင် စတင်တိုက်ခိုက်ခဲ့ပြီး စက်တင်ဘာလ (၁) ရက်နေ့ ညနေ ၅ နာရီခွဲ အချိန်ခန့်တွင် ထိုစခန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

သစ်ချဆိပ်စခန်းအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များဖြစ်သော ခလရ ၄၃၉၊ ခလရ ၆၀၊ ခမရ ၃၅၀ နှင့် ခမရ ၃၅၁ တို့တပ်စွဲထားပြီး ဝင်ရောက်သိမ်းပိုက်စဉ် စစ်ကောင်စီတပ်များဘက်မှ (၁၅) ဦးသေဆုံးခဲ့သည်။

လက်နက်များစွာကိုလည်း သိမ်းဆည်းရမိခဲ့ပြီး ထိုတိုက်ပွဲအတွင်း ကရင်အမျိုသားလွတ်မြောက်ရေးတပ်မတော်( K.N.L.A) ပူးပေါင်းတပ်ဖွဲ့များဘက်မှ ၂ဦးကျဆုံးခဲ့ကြောင်းဖော်ပြထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ ပြည်သူများနေထိုင်သည့် ကျေးရွက်များဖက်သို့ လက်နက်ကြီးများဖြင့် ပတ်ခတ်ခြင်းများနှင့် ရဟတ်ယာဥ်များဖြင့်ပါ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သေးသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ