Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီတပ်က TNLA ကို ကြည်းတပ်၊ လေတပ်အင်အားများဖြင့် အပြင်းအထန်တိုက်ခိုက်နေ

တအာင်း တပ်မတော် TNLAတပ် စခန်းများတည်ရှိရာ နမ့်ဆန်မြို့နယ်ကို ဒီဇင်ဘာ ၇ ရက်နေ့ ကစပြီး စစ်ကောင်စီတပ်မှ မြေပြင်နှင့် ဝေဟင်တို့မှ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိနေသည်။

ယနေ့ နိုဝင်ဘာလ ၈ ရက် နံနက် ၉ နာရီကျော်ခန့်က TNLA တပ်စခန်းများရှိရာဖက်သို့ စစ်ကောာင်စီတပ်မှ ဂျက်တိုက်လေယာဥ်များဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၇ ရက်နေ့ကစပြီး စစ်ကောင်စီတပ်သည် နမ့်ဆန်မြို့နယ်ရှိ မန်လုံ၊ ဟူးမန်းနှင့် ပန်အလောတ်ရွာဘက်သို့ စစ်ရဟတ်ယာဉ် ၆ စီး ဖြင့်လာရောက်ကာ ၄ စီးတွင် စစ်သား ၁၀၀ ခန့်သယ်ဆောင်လာပြီး ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ကုန်းသာရွာဖက်သို့ လက်နက်ကြီးများဖြင့် တောက်လျှောက်ပစ်ခတ်တိုက်ခိုက်ထိုးစစ်ဆင်ခဲ့သည်ဟု ဒေသသတင်းများအရ သိရှိရသည်။

TNLA ဖက်ကလည်း တန်ပြန်ခုခံတိုက်ခိုက်နေပြီး ဒီဇင်ဘာ ၇ ရက်နေ့ နေ့လည် ၂ နာရီမှ ည၁၀နာရီအထိ တောက်လျှောက်တိုက်ပွဲဖြစ်ပွားကာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ယနေ့ မနက် ၄နာရီကလည်း စစ်ကောင်စီတပ်ဖက်မှ ဂျက်တိုက်လေယာဉ် နောက်ထပ်၂စီး စုစုပေါင်း ၄ စီးအပါအဝင် မြေပြင် စစ်ကြောင်းများဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။

နှစ်ဖက်တိုက်ပွဲမှာ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်များ ကျရောက်သဖြင့် ကျေးရွာများအတွင်း နေအိမ်အချို့ ပျက်စီးခဲ့ရပြီး ရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ကြရသည်။

ထို့အပြင် ထိုဒေသရှိ ကျေးရွာများမှ စာသင်ကျောင်းများကိုလည်း ပိတ်ထားရသည့်အတွက် ကျောင်းသားများမှာ ကျောင်းမတက်ရဘဲ ရှိနေကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် နမ့်ဆန်မြို့ရှိ အခြေစိုက်တပ်ကုန်းနှင့် မန်တုံအခြေစိုက် ခရလ ၁၃၀ စခန်းကုန်းတို့မှ လက်နက်ကြီးများအဆက်မပြတ်ပစ်ကူးပေးနေကြောင်းသိရှိရသည်။

Photo-MINE (SPM)

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ