Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီတပ်က ရသေ့တောင်၊ မင်းပြားနှင့် ကျောက်တော်မြို့ များသို့ ထပ်မံ ရိက္ခာဖြည့်

ABN -ရှိုင်းမိုး

စစ်တွေရွှေမင်းဂံဆိပ်ကမ်းမှ ရသေ့တောင်၊ မင်းပြားနှင့် ကျောက်တော် မြို့များသို့ စစ်ကောင်စီတပ် နေဗီ ၄ စင်းဖြင့် ရိက္ခာထပ်ဖြည့်နေကြောင်းသတင်းရရှိသည်။

ယနေ့ နံနက် ၇နာရီကျော်အချိန်တွင် စစ်တွေရွှေမင်းဂံဆိပ်ကမ်းမှ ရိက္ခာအပြည့်၊ စစ်အင်အား ၃၀၀ခန့် နှင့် လက်နက်ခဲယမ်း အပြည့်ပါသည့် နေဗီ ၁ စင်းသည် ရသေ့တောင်ဖက်သို့ ဦးတည်ပြီးထွက်သွားကြောင်းသိရသည်။

“ ၇ နာရီလောက်အချိန်က စထွက်သွားပါတယ်၊ နေဗီပေါ်မှာ စစ်သား ၃၀၀ လောက်ရှိဖို့ထင်ပါတယ်၊ ရိက္ခာတွေလည်း အပြည့်ပါ၊ လက်နက်ခဲယမ်းတွေလည်း အပြည့်ပါပဲ” ဟုပြောသည်။

အလားတူ ယနေ့ ၁၁ နာရီခွဲကျော်တွင်လည်း ရွှေမင်းဂံဆိပ်ကမ်းမှ မင်းပြားဖက်သို့ နေဗီ ၂ စင်း၊ ကျောက်တော်ဖက်သို့ ၁ စင်း ဦးတည်ပြီးထွက်သွားကြောင်းသိရသည်။

“ မနက်က ထွက်သွားတဲ့ နေဗီက ရသေ့တောင်ဖက်ကိုပါ၊ အခုထွက်သွားတဲ့ ၃ စင်းက မင်းပြားဖက်ကို ၂ စင်း၊ ကျောက်တော်ဖက်ကို ၁ စင်း ထွက်သွားပါတယ်၊ လူအင်အား၊ လက်နက်အင်အားနှင့် ရိက္ခာအင်အားတွေကတော့ အပြည့်ပါ” ဟုပြောသည်။

ဇန်နဝါရီလ ၁၄ရက် နံနက် ၈ နာရီ ၅၂ မိနစ်တွင် စစ်တွေ ရွှေမင်းဂံဆိပ်ကမ်းကို စစ်ကား ၁၆ စီး ထွက်သွားပြီး၊ စစ်ကား ၁စီးတွင် မူဆလင်ဦးရေ ၅၀ ကျော်လောက်နှင့် တခြား ၅ စီးတွင် ရေနံဆီးဗူးများ အပြည့်ပါသည်ဟုသိရသည်။

“ ၈ နာရီ‌ မိနစ် ၅၀ ကျော်အချိန်ပါ စစ်ကား ၁၆ စီးပါ၊ ၁ စီးမှာတော့ မူဆလင် ၅၀ကျော်လောက်ရှိပါတယ်၊ နောက် ၅ စီးမှာ ရေနံဆီးဘူးတွေပါပဲ၊ ကား ၁စီးမှာ စစ်သား ၈ယောက်လောက်ပါတယ်၊ ရွှေမင်းဂံဆိပ်ကမ်းဖက်ကို ထွက်သွားပါတယ်” ဟုပြောသည်။

ယနေ့နံနက်ပိုင်းတွင်လည်း မြေပုံမြိုနယ် ကံသာရွာထိပ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်မှ ခရီးသွားလာနေသူများကို ယခင်ထက် စစ်ဆေးမှုတင်းကြပ်စွာ ပြုလုပ်နေသည်ဟုသိရသည်။

စစ်ကောင်စီတပ်က ရသေ့တောင်၊ မင်းပြားနှင့် ကျောက်တော်မြို့ များသို့ ထပ်မံ ရိက္ခာဖြည့်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ