Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီတပ်က ပစ်သည့် လက်နက်ကြီးကျည် တရုတ်နိုင်ငံထဲကျရောက်ပြီး နေအိမ်များ ထိခိုက်ပျက်စီးမှုရှိ

AB News-ထက်မြတ်ခင်

အောက်တိုဘာ ၂၈ ရက်

စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များ တရုတ်နိုင်ငံဖက်သို့ ကျ ရောက် ပေါက်ကွဲပြီး နေအိမ်များ ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။

ယမန်နေ့ အောက်တိုဘာလ ၂၇ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်အချိန်ခန့်က မူဆယ်မြို့နယ်၊ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် စစ်ကောင်စီတပ် စခန်းကုန်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ၁၂၀ မမ သည် တရုတ်နိုင်ငံဖက်ခြမ်း မြန်မာနိုင်ငံနယ်စပ် ဝမ်တိန်မြို့ထဲသို့ ကျရောက်ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

ထိုသို့ တရုတ်နိုင်ငံထဲ စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်ကျရောက်မှုကြောင့် လူနေတိုက်ခန်း အုတ်နံရံနှင့် မှန်ပြတင်းပေါက်အချို့ ပျက်စီးသွားကြောင်း သိရသည်။

ရှမ်းပြည် မြောက်ပိုင်းတွင် ညီနောင်မဟာမိတ်အဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ ပြင်းထန်လျက်ရှိနေပြီး စစ်ကောင်စီဖက်က လက်နက်ကြီး ပစ်ကူများဖြင့် ရမ်းသမ်း ကစ်ခတ်မှုများအပြင် ဝေဟင် ရဟတ်ယာဥ်များဖြင့်ပါ ပတ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း ကိုးကန့်သတင်းများအရ သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ