Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် ကုန်းသာရွာမှ ဒေသခံများ နေရပ်ပြန်ရန် အခက်တွေ့နေ

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် ကုန်းသာရွာမှ လူနေအိမ် ၅၀ ကျော်ပျက်စီးဆုံးရှုံးသွားပြီး ဒေသခံများမှာ နေရပ်ပြန်ရန် အခက်အခဲများရှိနေသည် ဟုသိရသည်။

ပြီးခဲ့သည် ဒီဇင်ဘာလက ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် ( TNLA ) တို့ကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် နမ့်ဆန်မြို့၌ ရောက်ရှိနေတဲ့ ကုန်းသာရွာမှ ဒေသခံများမှာ စောင်၊ အနွေးထည်၊ခြင်ထောင် အပါအဝင် ဆေးဝါးများအပြင် စားနပ်ရိက္ခာအကူအညီများ လိုအပ်နေသည် ဟု သိရသည်။

လက်ရှိအချိန်တွင် ဒေသခံများမှာ နမ့်ဆန်မြို့မှ ဇယန်းကြီး ဘုန်းတော်ကြီးကျောင်း၌ စစ်ဘေးရှောင်များအဖြစ် ခိုလှုံနေကြရပြီး စစ်ဘေးရှောင်အများစုမှာ ကလေးငယ်နှင့် သက်ကြီးရွယ်အိုများဖြစ်ကြောင်း သိရသည်။

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒရေးရာလေ့လာရေးအဖွဲ့ ISP မြန်မာ၏ စစ်တမ်းကောက်ယူချက်အရ နမ့်ဆန်မြို့တွင် စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် ( TNLA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် စစ်ဘေးရှောင် ၁၄၀၀ ကျော် တိုးလာသည် ဟု ဖော်ပြထားသည်။

တိုက်ပွဲဖြစ်ပွားမှုအတွင်း စစ်ကောင်စီဖက်မှလေကြောင်းတိုက်ခိုက်မှုမှာ ၃၈ ကြိမ်ထက်မက တိုက်ခိုက်ခဲ့သည့်အပြင် လက်နက်ကြီး ၃၄ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ပြီး ကုန်းသာရွာနှင့် ဟူးမန်း၊ တာလတ်နှင့် မန်းလုံးကျေးရွာများမှ ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှစကာ စစ်ဘေးရှောင် ဒုက္ခသည်များ ပိုတိုးလာခဲ့သည်။

ဓာတ်ပုံ-နမ့်ဆန်မြို့နယ် ကုန်သာရွာမှ မီးရှို့ခံရသည့်နေအိမ်များ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ