Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီက ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်အား ၅၀၅ ( က) ဖြင့်အမှုဖွင့်ထား

စစ်ကောင်စီက ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်အား ၅၀၅ ( က) ဖြင့်အမှုဖွင့်ထား

AB News – ဟိန်းထွန်း

အောက်တိုဘာ ၂၉ ရက်

စစ်ကောင်စီ၏ ပြန်ကြားဝန်ကြီးဟောင်း ဦးရဲထွဋ်ကို လူမှုကွန်ယက်စာနှာပေါ်၌ မဟုတ်မမှန်သတင်းများဝေဖန်ရေးသည်ဟုဆိုကာ စစ်ကောင်စီက ပုဒ်မ ၅၀၅ ( က )ဖြင့်အမှုဖွင့်ထားကြောင်း န.စ.က သတင်းထုတ်ပြန်ရေးအဖွဲ့က အတည်ပြုထားသည်။

စကစ တပ်ဖွဲ့ဝင်များသည် အောက်တိုဘာလ ၂၈ ရက်နေ့ တွင် အလုံမြို့နယ် ( ၁၁) ရပ်ကွက်ရှိ ၎င်း၏နေအိမ်ှဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅ ( က ) အမှုဖွင့်ထားသည်။

ပြန်ကြားရေးဝန်ကြီးဟောင်း အသုံးပြုနေသည့် Ye Htut Facebook အကောင့် ပိုင်ရှင်သည် လူမှုကွန်ယက်၌ စစ်ကောင်စီ၏ မမှန်သတင်းများ၊ တစ်ချို့တပ်မတော်အရာရှိပုဂ္ဂိုလ်များ နေရပ်လိပ်စာ၊ ရာထူးတာဝန်များကို ရေးသားဖော်ပြခဲ့ရာ စ.က. စ အဖွဲ့က စုံစမ်းဖမ်းဆီးခဲ့ကြောင်း သိရသည်။

၎င်းသည်နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နှင့်ရင်းနှီးသူဖြစ်ပြီး သိန်းစိန်လက်ထက်က ပြန်ကြားရေးဝန်ကြီးဌာနတွင် တာဝန်ယူခဲ့ခြင်း နှင့် တပ်မတော်၌ ဒုတိယ ဗိုလ်မှူးကြီးတာဝန်ကိုထမ်းဆောင်ခဲ့သည်ဟု သတင်းရင်းမြစ်များမှ သိရသည်။

“အလုံမြို့နယ်၊ (၁၁)ရပ်ကွက်တွင် နေထိုင်သူ ဦးရဲထွဋ်(၆၄)နှစ် ဗမာ/ဗုဒ္ဓ (ဖ)ဦးရွှေသန်း၊ ရဲထွဋ် (Ye Htut Facebook Acount ပိုင်ရှင်)သည် လူမှုကွန်ရက်စာမျက်နှာပေါ်၌ မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေခြင်းများ ပြုလုပ်ခဲ့ကြောင်း စစ်ဆေးသိရှိရသဖြင့် အောက်တိုဘာလ ၂၈ ရက် ည ၈ နာရီခွဲအချိန်ခန့်တွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ဆိုသည်။”

၎င်းကို အလုံမြို့မရဲစခန်းက ၅၀၅ ( က ) ဖြင့်အမှုဖွင့်ထားပြီး အင်းစိန်ထောင်သို့ပြောင်းသွားပြီဟု သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ