Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီကျင်းပသည့် ကယားပြည်နယ်နေ့ အခမ်းအနားကို လက်နက်ကြီးများဖြင့် တိုက်ခိုက်ခံရမှုကြောင့် ပြည်သူ ၁ဦးသေဆုံး၊ ၁၀ဦးထက်မနည်းဒဏ်ရာရ

ABN-ရာဟု

အာဏာသိမ်းစစ်ကောင်စီ ကျင်းပသည့် ကယားပြည်နယ်နေ့ အခမ်းအနားကို ကယားပြည်နယ် လွိုင်ကော်မြို့တွင် ကျင်းပနေ့စဥ် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် လူ ၁ဦးသေဆုံးကာ ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကယားပြည်နယ် လွိုင်ကော်မြို့တွင် ယနေ့နံနက်ကကျင်းပသည့် ၇၁နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားကို လွိုင်ကော်မြို့ ပြည်နယ်ခန်းမ‌ရှေ့ အထိမ်းအမှတ်မုခ်ဦးဖွင့်ပွဲ အခမ်းအနားပြုလုပ်ကျင်းပနေစဥ် ဒရုန်းများဖြင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခံရခြင်းဖြစ်ကာ စစ်ကောင်စီဖက်က ပွဲကိုပါရုတ်သိမ်းလိုက်ရကြောင်း သိရှိရသည်။

အထိမ်းအမှတ်မုခ်ဦးဘေးနားကို လက်နက်ကြီးတစ်လုံးကျသလို၊ ကယားပြည်နယ် ခန်းမဘေးရေကန်ကို ဗုံးသီး၂လုံးနှင့် တခြားနေရာများကိုပါကျရောက်ပေါက်ကွဲခဲ့​ကြောင်းသိရသည်။

လက်နက်ကြီး ၆၀ မမဖြင့် ၆ချက်လောက်ပစ်ခတ်တိုက်ခိုက်ခြင်းခံရခြင်းဖြစ်ပြီး တိုက်ခိုက်ခံရမှုကြောင့် ပြည်သူ ၁ဦး သေဆုံးပြီး ရဲတပ်ဖွဲ့ဝင် ၂ဦးနှင့် ကျောင်းသူ ၆ဦး ၊အရပ်သား၂ဦးအပါအဝင် စုစုပေါင်း၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကြောင်းသိရှိရသည်။

စစ်ကောင်စီက ပွဲကို လုံခြုံရေးတင်းကျပ်စွာဖြင့် ပြုလုပ်နေခဲ့ခြင်းကြောင့် လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များကလည်း သွားရောက်ကူညီပေးရန် မဖြစ်နိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီဖက်က လွိုင်ကော်မြို့လယ်ခေါင်လမ်းမများတွင် သွားလာသူများကို စစ်ဆေးမှုတင်းကြပ်စွာပြုလုပ်နေပြီး လက်နက်ကြီးများ ၊တိုက်လေယာဥ်များဖြင့် ရမ်းသမ်းပစ်ခတ်လျှက် ရှိနေသည်။

ဇန်နဝါရီ၁၃ရက်နေ့က PDF လွိုင်ကော်က စစ်ကောင်စီကျင်းပသည့် ကယားပြည်နယ်နေ့အခမ်းအနားနှင့် လူစုလူဝေးရှိရာ နေရာများသို့သွားရောက်ခြင်းများမပြုလုပ်ကြရန် ထုတ်ပြန်သတိပေးထားခဲ့သည်ဟု သိရသည်။

စစ်ကောင်စီကျင်းပသည့် ကယားပြည်နယ်နေ့ အခမ်းအနားကို လက်နက်ကြီးများဖြင့် တိုက်ခိုက်ခံရမှုကြောင့် ပြည်သူ ၁ဦးသေဆုံး၊ ၁၀ဦးထက်မနည်းဒဏ်ရာရ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ