Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီကပြုလုပ်မည့် ရွေးကောက်ပွဲကို မပူးပေါင်းရန် နှင့် ပူးပေါင်းသူများကို အရေးယူမည်ဟု ထီးချိုင့် ပအဖကြေညာချက်ထုတ်

ABN-မေအိအိအောင်

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က စစ်ကောင်စီမှ တရားမ၀င်ပြုလုပ်မည့် ရွေးကောက်ပွဲကို မပူးပေါင်းရန် နှင့် မလိုက်နာသူများကိုလည်း အရေးယူမည်ဟု ကြေညာချက်ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲကို ပြည်သူများအနေဖြင့် မပူးပေါင်း‌ရေးနှင့် ပူးပါင်းပြီး စာရင်းများလာကောက်သည့် သူများ၏ အမည်၊ အသက်၊ အလုပ်အကိုင် ၊နေရပ်တို့ကို တိကျစွာ မှတ်သားပြီး သတင်းပေးပို့ရန် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး က တိုက်တွန်းထားကြောင်းဖော်ပြထားသည်။

အဆိုပါကြေညာချက်ကို ယနေ့ ဇန်န၀ါရီ ၁၃ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနှင့် လူ၀င်မှုကြီးကြပ်ရေး ၀န်ကြီးဌာန ထီးချိုင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါသည်။

ယင်းထုတ်ပြန်ချက်တွင် မိမိတို့ စီမံအုပ်ချုပ်သည့် နယ်မြေအတွင်း စစ်ကောင်စီကပြုလုပ်သည့် ရွေးကောက်ပွဲ မဖြစ်မြောက်စေရေးအတွက် ပြည်သူများ အနေဖြင့် ၎င်းရွေးကောက်ပွဲကို ပါ၀င် မပူးပေါင်းရန် ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေဖို့ ကြေညာစာများ ထပ်ဆင့် ကူးယူပြီး မျှ‌‌‌ဝေပေးရေးကို ကျေးရွာထဲမှ ပအဖ အဖွဲ့များကိုညွှန်ကြားခဲ့သည်။

အသိပေးထားခြင်းများကို မထီမဲ့မြင်ပြုလုပ်ပြီး သွေးတိုးစမ်းလိုသော သဘောဖြင့် စစ်ကောင်စီများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ရှိလျှင် ပြင်းပြင်းထန်ထန်အရေးယူသွားမည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ဇန်န၀ါရီ ၉ ရက်နေမှ ၃၁ ရက်နေ့အထိ စစ်ကောင်စီမှ တရားမ၀င်ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းများကို အာဏာသိမ်းစစ်ကောင်စီ ၏ လက်ကိုင်တုတ် အုပ်ချုပ်ရေးအဖွဲ့များသည် ပြီးခဲ့သည့် ဇန်န၀ါရီ ၇ ရက်နေ့ကစကာ တစ် အိမ်တက် တစ်အိမ်ဆင်း စာရင်းကောက်ယူနေကြောင်းဖော်ပြထားသည်။

စစ်ကောင်စီကပြုလုပ်မည့် ရွေးကောက်ပွဲကို မပူးပေါင်းရန် နှင့် ပူးပေါင်းသူများကို အရေးယူမည်ဟု ထီးချိုင့် ပအဖကြေညာချက်ထုတ်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
စစ်ကောင်စီ၏ ဖိနှိပ်မှုဒဏ်ကို မျိုးဆက်တစ်ခုပြီးတစ်ခု ခံစားခဲ့ရသော မြန်မာပြည်သူလူထု၏ နိုင်ငံရေးရည်မှန်းချက်များကို မည်သည့်အခါမှ လျစ်လျူရှုသွားမည် မဟုတ် ဟု ညီနောင် ၃ ဖွဲ့ ထုတ်ပြန်