AB News-မတ် ၂၉၊ ၂၀၂၅
ယမန်နေ့ မတ်လ ၂၈ ရက်၊ နေ့လည် ၁၂ နာရီကျော်အချိန်တွင် မြန်မာနိုင်ငံ၊ စစ်ကိုင်တိုင်းအနီး ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ရစ်ချက်စတာစကေး ၇.၇ အားပြင်းငလျင်ကြောင့် ဒေသခံပြည်သူ တစ်သောင်းမှ တစ်သိန်းခန့်အထိသေဆုံးနိုင်ကြောင်း အမေရိကန်အစိုးရ ဘူမိဗေဒ စစ်တမ်း (USGS)က ခန့်မှန်းထုတ်ပြန်လိုက်သည်။
စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ရှမ်းပြည်နယ်၊ နေပြည်တော်၊ ပဲခူး စသည့် ဒေသများတွင် ပြင်းထန်သည့်ငလျင်ဒဏ်ကို အများဆုံး ရင်ဆိုင်ခဲ့ရပြီး အဆောက်အဦးပြိုကျပျက်စီးမှုများကြောင့် ဒေသခံပြည်သူများ သေဆုံးမှုများလည်း ရှိနေသည်။
ယနေ့ထိ ကောက်ယူထားသည့် စာရင်းအရ ငလျင်ကြောင့် နိုင်ငံတစ်ဝန်း သေဆုံးသူ ၁၀၀၂ ဦးနှင့် ဒဏ်ရာရရှိခဲ့သူ ၂၃၇၆ ယောက်ရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
လက်ရှိတွင် ငလျင်ဒဏ်သင့်ဒေသများတွင် အရေးပေါ် ကယ်ဆေးရေး၊ ဆေးဝါးကုသမှု များလိုအပ်နေပြီး ရုရှား၊ အိန္ဒိယနှင့် တရုတ် စသည့်နိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိနေကြောင်း သိရသည်။