Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကိုင်းတိုင်း ဒေသတွင်းရှိ ကျေးရွာများသို့ စစ်ကောင်စီ စစ်ကြောင်းထိုးလာသောကြောင့် ဒေသခံ ၈၀၀၀ ကျော်ထွက်ပြေးနေကြရ

ABN-ရှိုင်းမိုး

စက်တင်ဘာ ၁ရက်

စစ်ကိုင်းတိုင်းဒေသမှ ဒေသခံပြည်သူ ၈၀၀၀ ကျော်သည် စစ်ကောင်စီစစ်ကြောင်းထိုးလာသည်ကို ကြောက်လန့်ပြီး ရွာများမှ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

သြဂုတ်လ ၃၁ရက်နေ့ နံနက်ပိုင်းက စစ်အင်အား ၁၀၀ ကျော်နဲ့ စစ်ကောင်စီစစ်ကြောင်းသည် ကျေးရွာများထဲသို့ ရောက်ရှိလာသောကြောင်း ဒေသခံများ မိုးရေကြားထဲ ထွက်ပြေးနေခဲ့ကြသည်ဟု သိရှိရသည်။

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ရှိ တောင်ဘက်သို့ စတင်ဝင်ရောက်လာကြပြီး ညနေပိုင်းအထိ ရွာမှထွက်သွားခြင်းမရှိခဲ့သည့်အတွက် ကျေးရွာထဲရှိရွာသားများထွက်ပြေးတိမ်းရှောင်နေခဲ့ကြသည်ဟု သိရသည်။

အလားတူ လက်ပံလှရွာ၊ ရွာသန်းရွာ၊ ပန်းတွင်းရွာ၊ ကျီးကန်းရွာနှင့် ရေအေးကုန်းရွာတို့ကိုလည်း ဝင်ရောက်လာသောကြောင့် ရွာထဲမှ ကိုယ်ဝန်ဆောင်မိခင်များ၊ သက်ကြီးအိုရွယ်များ၊ ကလေးသူငယ်များပါမကျန် ထွက်ပြေးတိမ်းရှောင်နေရကြရကြောင်း ခင်ဦးမြို့နယ်ရှိပြန်ကြားရေးမှတဆင့်သိရသည်။

လက်ရှိတွင် ထွက်ပြေးနေကြရသည့် ဒေသခံ ၈၀၀၀ ကျော်မှာ စားဝတ်နေရေး အခက်အခဲဖြစ်နေကြရသည်။

သြဂုတ်လ ၂၅ရက်နေ့ကလည်း စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ခင်ဦးမြို့နယ်ရှိ ကျေးရွာ ၃ရွာမှ ဒေသခံ ၃၀၀၀ ကျော်ဘေးလွတ်ရာသို့ရှောင်နေခဲ့ကြသည်။

ရွှေဘို ခရိုင် ခင်ဦးမြို့နယ်မှ ကြာပင်အိုင်၊ ညောင်ပင်ကြီးစု၊သိမ်တောစရွာ စသည့်ရွာများမှ ဒေသခံ ၅၀၀၀ ကျော်ထွက်ပြေးခဲ့ရသည်။

သြဂုတ်လ ၉ရက်နေ့ကလည်း စစ်ကိုင်းတိုင်းရွာများကို လက်နက်ကြီး လက်နက်ငယ်များဖြင့်ပစ်ကာ နေအိမ်ကိုမီးရှို့ခဲ့ကြသည်။

ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

ထင်မြင်ယူဆချက်‌‌ပေးရန်