Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် စစ်တပ်က မီးရှို့နေသောကြောင့် ရွာ ၅ ရွာမှ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

ABN-ရှိုင်းမိုး

ဇွန် ၁ရက်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရွာသစ်ရွာကို စစ်တပ်က မီးရှို့သောကြောင့် ကျေးရွာ ၅ ရွာမှ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်းသိရသည်။

ယနေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန်တွင် ခင်ဦးမြို့နယ် ရေဦး-ညောင်ပင်သာ လမ်းပိုင်းဘေးရှိ ရွာသစ်ကျေးရွာကို အင်းပတ်ကွေ့၌ အထိုင်ချထားသော စစ်ကောင်စီတပ်သားများနှင့် ရေဦးတိုင်းရင်း ဆေးရုံမှ စစ်သားများ ပူပေါင်းပြီး အင်အား ၁၀၀ ကျော်ပါသည့် စစ်ကြောင်းက ထိုဒေသမှ ရွာများကိုဝင်ရောက်ပြီး မီးရှို့လျက်ရှိသည်။

ထိုစစ်ကောင်စီတပ်ဖွဲ့ဝင်များသည်လက်နက်ကြီး လက်နက်ငယ်များဖြင့် ဒေသခံများကို လိုက်လံ ရမ်းသမ်း ပစ်ခတ်လျက်ရှိကြောင်း သိရသည်။

လက်ရှိချိန်တွင် ရွာသစ်ရွာ အပါအဝင် ချမ်းသာကုန်းကျေးရွာ၊ ညောင်ပင်ခြံကျေးရွာ၊ ဆည်ကြီးကျေးရွာနှင့် မူးသာကျေးရွာ စသည့် ကျေးရွာများမှ ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရှိရသည်။

မကွေးတိုင်း ရေစကြိုမြို့နယ်တွင်လည်း မေလ ၂၆ရက်နေ့မှစ၍ ၃၀ရက်နေ့ထိ ၄ရက်ကြာ ရွာ ၂၅ရွာကို မီးရှို့သောကြောင့် လူနေအိမ် ၆၅၆လုံးပြာကျသွား၍ ပြည်သူ ၅ဦးသေဆုံးခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ