Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် စစ်ဘေးရှောင် ၅၀ကျော်ကို အကြမ်းဖက်စစ်ကောင်စီမှ ဓားစာခံအဖြစ် ဖမ်းဆီး

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် စစ်ဘေးရှောင် ၅၀ကျော်ကို အကြမ်းဖက်စစ်ကောင်စီမှ ဓားစာခံအဖြစ် ဖမ်းဆီး

ABN-နွယ်စိုး

စစ်အုပ်ချုပ်ရေးကြေငြာထားသည့် စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်၊မြောက်ဘက်ခြမ်းနှင့် ကန့်ဘလူအစပ်ရှိ ကျေးရွာများမှ စစ်‌ဘေးရှောင် ၅၀ကျော်ကို မတ်လ ၆ရက်နေ့က စစ်ကောင်စီတပ်က ဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဗမာပြည်သတင်းများအရ သိရသည်။

စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် စစ်ဘေးရှောင် ၅၀ ထဲမှ ၇ဦးမှာ ယမန်နေ့ မတ်လ ၆ ရက်နေ့မှာပင် ထွက်ပြေးလွတ်မြောက်လာကြောင်း သိရသည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်သည် ကျန်နေသည့် ဓားစာခံများကို ရိုက်နှက်ခြင်းနှင့် ညှင်းပမ်းနှိပ်စက်ခြင်းများပြုလုပ်ကြောင်း ပြန်လည်လွတ်မြောက်လာသူ ၇ဦး၏ ပြောကြားချက်အရ သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်၏ ဖမ်းဆီးခံရခြင်းကပြန်လည်လွတ်မြောက်လာသူများမှာ ရှားတောကျေးရွာ နှင့်ကျည်စုကျေးရွာမှ ဒေသခံများဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် မတ်လ ၁ရက်ကလည်း စစ်ကိုင်းတိုင်း၊စစ်ကိုင်းမြို့၊ရွှေလှေကျေးရွာအုပ်စု၊ တာတိုင်ရွာမှ ဒေသခံ ၁၇ဦးထက်မနည်း စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် မတ်လ ၅ ရက်နေ့က စစ်ကောင်စီတပ်သည် မြင်းမူမြို့မှ လက်ကာကျေးရွာသို့ စစ်ကြောင်းထိုးပြီး ရွာကိုစစ်ရှောင်လာသည့် အမျိုးသားနှစ်ဦးနှင့်အမျိုးသမီးတဦးတို့ကိုသတ်ဖြတ်ခဲ့ပြီး ဒေသခံ ၂၀ဝကျော်ကိုလည်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ