Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကိုင်းတိုင်း ကသာမြို့နယ်တွင် အလှူပွဲကို စစ်ကောင်စီတပ်က ရဟတ်ယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၇ ဦးထက်မနည်းသေဆုံး

ABN-နွယ်စိုး

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် မိုးတာလေးရွာထဲ အလှူပွဲ လုပ်နေစဥ် ယမန်နေ့ ဇန်နဝါရီလ ၁၈ ရက် ညနေပိုင်းက စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၇ဦးထက်မနည်း သေဆုံးသွားခဲ့ပြီး အလောင်းများကိုလည်း ပြန်ကောက်ယူနိုင်ခြင်းမရှိသေးဟု သိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၈ ရက်ညနေပိုင်းတွင် မိုးတာလေးရွာအနီးနား၌ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား နှစ်ဦးနှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ရွာအထဲသို့ ဂျက်ဖိုက်တာ ၃ စီးဖြင့် မီးလောင်ဗုံးကြဲခဲ့သည့်အတွက်ကြောင့် ဒေသခံရွာသား ၇ ဦးထက်မနည်း သေဆုံးသွားခဲ့သည့် ဟုသိရသည်။

တိုက်ပွဲဖြစ်ပွားရာတွင် မိုးတာလေးရွာ၌ အလှူပွဲလုပ်နေစဥ်အတွင်း စစ်ကောင်စီတပ်မှ ရဟတ်ယာဥ်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုကြောင့် ကသာမြို့နယ်အတွင်းမှ ကျေးရွာပေါင်း ၈ ရွာမှာ ရွာသူ/ သားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ယမန်နေ့ကလည်း ရခိုင်ပြည်၊ မြောက်ဦးတွင် စစ်ကောင်စီတပ်မှ ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် ခမီတိုင်းရင်းသားတစ်ဦး ခြေထောက်တစ်ဖက်ပြတ်ကာ နောက်တစ်ဖက်မှာလည်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ရသည်။

စစ်ကောင်စီတပ်မှ လာမည့် ဩဂုတ်လတွင် မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲကျင်းပမည်ဟု ဆိုသော်လည်း လက်ရှိအချိန်ထိ ပြည်သူလူထုအပေါ် အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်ကာ ဖမ်းဆီးမှုများကိုလည်း ဆက်တိုက်လုပ်ဆောင်လျက်ရှိနေသေးသည့်အတွက် ပြည်သူတစ်ရပ်လုံးအနေဖြင့် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်အစိုးရကို အလွန်ပင် မုန်းတီးရွံရှာလျက်ရှိနေကြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ