Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကိုင်းတိုင်း ကသာတွင် စစ်တပ်လက်နက်ကြီးကြောင့် ကလေး ၁ ဦးသေ ၁ ဦးဒဏ်ရာရ

ABN-ရှိုင်းမိုး

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ကျောက်ထုံးကြီးကျေးရွာသို့ စစ်တပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခြင်းကြောင့် တစ်အိမ်တည်းတွင် နေထိုင်သည့် အသက် ၁၂ နှစ်အရွယ် ကလေးငယ် တစ်ဦးသေဆုံးပြီး၊ ၁၃ နှစ် အရွယ် ကလေးငယ် တစ်ဦး ဒဏ်ရာရရှိသွားခဲ့ရကြောင်း သိရသည်။

သေဆုံးသွားသူမှာ စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ကျောက်ထုံးကြီးရွာမှ ဦးဆန်းလင်းနှင့် ဒေါ်မျိုးတို့၏ သမီး အသက် ၁၂ နှစ်အရွယ်ရှိသည့် မမိထော်ဖြစ်ပြီး၊ ဒဏ်ရာရရှိသွားသူမှာ မမိထော်၏ အစ်ကို မောင်ထော်ကြီး ၁၃နှစ် ဖြစ်ကြောင်းသိရသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီမှ လက်နက်ကြီး ပစ်ခတ်လိုက်ခြင်းကြောင့် ကျောက်ထုံးကြီးကျေးရွာအတွင်း၌ ဦးဆန်းလင်းနှင့်ဒေါ်မျိုးတို့ နေအိမ်ကို ကျရောက်ပေါက်ကွဲခဲ့သည့်အတွက်ကြောင့် ဦးဆန်းလင်းနှင့် ဒေါ်မျိုးတို့၏ သမီးငယ် မမိထော၏ ဦးခေါင်းကို လက်နက်ကြီးကျည်ထိမှန်ကာ ပွဲချင်းပြီးသေဆုံးခဲ့ပြီးနောက် မိခင်ဖြစ်သူ ဒေါ်မျိုးမှာလည်း စိတ်ဖောက် ပြန်သွားခဲ့ရကြောင်း သိရှိရသည်။

စစ်ကောင်စီက ကျောက်ထုံးကြီးကျေးရွာကို ယခင်ကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် ကျေးရွာသားတစ်ဦး လက်နက်ကြီးကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ခေတ်သစ် မီဒီယာ သတင်းဌာနတွင် ဖော်ပြထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ