သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် အရပ်သား ၁၁ ဦးနှင့် PDF ရဲဘော် ၃ ဦးကို စစ်ကောင်စီကသတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် အရပ်သား ၁၁ ဦးနှင့် PDF ရဲဘော် ၃ ဦးကို စစ်ကောင်စီကသတ်ဖြတ်

ABN-မေအိအိအောင်

ဇူလိုင် ၂၂ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး PDF ရဲဘော် ၃ ဦးနှင့် အရပ်သားပြည်သူ ၁၁ ဦးကို သတ်ဖြတ်သွားကြောင်း ဒေသတွင်းသတင်းတွင်ဖော်ပြသည်။

ယမန်နေ့ ဇူလိုင် စုန်းချောင်းရွာကို၂၁ ရက်နေ့ နံနက်တွင် ယင်းမာပင်မြို့နယ်ရှိ စုန်းချောင်းရွာကို စစ်ကောင်စီက ဝင်ရောက်စီးနင်းပြီး သတ်ဖြတ်သွားခြင်းဖြစ်သည်။

အစုလိုက်အပြုံလိုက် သတ်ဖြတ်သွားသည့် စစ်ကောင်စီတပ်မှာ ချင်းတွင်း တံတားထိပ်၊ အောင်ဇေယျ စစ်မှုထမ်းဟောင်းရပ်ကွက်တွင် တပ်စွဲထားသည့် တပ်သားများဖြစ်သည်။

ယင်းတပ်စခန်းမှ အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကောင်စီ တပ်သားများမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စုန်းချောင်းရွာကို ဝင်ရောက်စီးနင်းပြီး ကင်းစောင့်ကျနေသော PDF ရဲဘော် ၃ ဦးကိုသတ်သွားကြောင်းသိရသည်။

ကျန် အသတ်ခံရသော ပြည်သူများမှာ စစ်ကောင်စီတပ်သားများ ရွာအတွင်းဝင်လာစဉ် ထွက်ပြေးရာ ဖမ်းဆီးခံရပြီး လမ်းတွင်ပစ်သတ်ခဲ့ကြောင်းသိရသည်။

သတ်ဖြတ်ခံရသည့် ရဲဘော်(၃)ဦးမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ တစ်ခုဖြစ်သည့် Chindwin Tigerအဖွဲ့မှဖြစ်ပြီး လက်ရှိတွင် ၎င်းတို့(၃)ဦးအလောင်းနှင့် အရပ်သား(၈)ဦးအလောင်းကို ပြန်လည်တွေ့ရှိထားသော်လည်း ကျန်သည့် ပြည်သူ ၃ ဦး အလောင်းကို ရှာမတွေ့သေးကြောင်းသိရသည်။

လက်ရှိတွင် စုန်းချောင်းရွာနှင့် ၎င်းရွာအနီးရှိ ကျေးရွာများမှ ဒေသခံထောင်ချီ ဘေးလွတ်ရာသို့ထွက်ပြေးနေရကြောင်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ