Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မူကြောင့် ဘုန်းကြီးတစ်ပါး အပါအဝင် အရပ်သား ၁၀ ဦးသေဆုံး၊ ၁၂ ဦးခန့် ပြင်းထန်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မူကြောင့် ဘုန်းကြီးတစ်ပါး အပါအဝင် အရပ်သား ၁၀ ဦးသေဆုံး၊ ၁၂ ဦးခန့် ပြင်းထန်ဒဏ်ရာရ

ABN-မေအိအိအောင်

ဇွန်လ ၂၈ ရက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီးတစ်ပါးနှင့် အရပ်သား ပြည်သူ ၉ ဦးသေဆုံးခဲ့ကြောင်းဒေသတွင်းသတင်းများအရသိရသည်။

ယမန်နေ့ ဇွန်လ ၂၇ ရက်နေ့ ညနေပိုင်းက စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ညောင်ကုန်းရွာနှင့် ချင်ပြစ်ကျေးရွာကို စစ်ကောင်စီက အကြောင်းမဲ့ ဗုံး ၅ လုံးကြဲချခဲ့သည့်အတွက် ရွာအတွင်းမှ အရပ်သားပြည်သူများသေဆုံးခဲ့ရခြင်းဖြစ်သည်။

စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီးတစ်ပါးအပြင် အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၃ ဦးသေဆုံးခဲ့ရသည်။

ယင်းအပြင် အသက် ၁၈ နှစ်မှ ၇၀ အကြား ပြည်သူ ၁၂ ဦးအပြင်းအထန် ဒဏ်ရာရရှိထားကြောင်းသိရသည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် နေအိမ် (၁၃)လုံးနှင့် ဘုန်းကြီးကျောင်းတစ်ကျောင်းလည်း ပျက်စီးဆုံးရှုံးသွားသည်ဟု သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့ကလည်း မွန်ပြည်နယ်၊ ရေးမြို့နယ် နှစ်ကရင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်၍ အရပ်သား တစ်ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရရှိခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ