Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် စစ်ကောင်စီမှ ရွာထဲသို့ ဝင်ရောက်စီးနင်းပြီး ကလေးငယ် ၁ ဦးကိုပစ်သတ်၊ ဒေသခံများထွက်ပြေးနေရ

ABN-ရှိုင်းမိုး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တံတားဦးရွာကို စစ်ကောင်စီတပ်က ဝင်ရောက် စီးနင်းပစ်ခတ်ခဲ့မှုကြောင့် အသက် ၆နှစ်အရွယ်ရှိ ကလေးငယ်တစ်ဦးသေဆုံးသွားကြောင်းသိရသည်။

ဖေဖော်ဝါရီလ ၂ရက်နေ့ နံနက်ပိုင်း ၉နာရီကျော်တွင် တံတားဦးရွာသို့ စစ်ကောင်စီတပ်က ပစ်ခတ်၍ ဝင်ရောက်လာသောကြောင့် နေအိမ်တွင်း၌ ကစားနေသည့် အသက် ၆နှစ်အရွယ် မလင်းရူပါမျိုး ၏ ခါးကို ကျည်ထိမှန်ကာ နေရာတွင် သေဆုံးခဲ့ခြင်းသိရသည်။

ထိုစစ်ကောင်စီတပ်သားများသည် နေအိမ် ၁အိမ်ကို ဝင်ရောက် မွှေနှောက်ခဲ့ပြီး မွန်းလွဲ ၁ နာရီကျော်တွင် တာတိုင်ရွာကို ဝင်ရောက်ကာ နေအိမ် ၆၀ကိုလည်း မီးရှို့သွားကြောင်း သိရသည်။

ရွှေလှေအုပ်စု တာတိုင်ရွာတွင် အိမ်ထောင်စု ၁၁၀ရှိပြီး၊ လူဦးရေကျား၂၀၀ ဦးနှင့် မ၂၄၀ ဦး စုစုပေါင်း ၄၄၀ဦးရှိပြီး စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသားများမှာ စစ်ဘေးရှောင်နေရပြီး အိမ်ခြေ ၆၀ခန့် မီးရှို့ခံရသည်။

ဇန်နဝါရီလ ၃၁ရက်ကလည်း အင်အား ၂၀၀ခန့်ရှိသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီး များက စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သရက်ပင်ဝန်းကျေးရွာရှိ နေအိမ် ၅၃လုံးကို မီးရှို့သွားကြောင်း ဒေသခံများက ပြောဆိုသည်။

နေအိမ် ၅၃လုံးနှင့် စာသင်ကျောင်းအတွင်းရှိ ပစ္စည်းများ၊ ဆိုင်ကယ်များနှင့် လယ်ယာသုံးပစ္စည်းများကို မီးရှို့ ဖျက်စီးသွားသည်ဟုသိရသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့နံနက်ပိုင်းအချိန်တွင်လည်း စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ညောင်ပင်ကြီးစုရွာကို စစ်ကောင်စီတပ်က ဝင်ရောက်ပစ်ခတ်မှုကြောင့် ဒေသခံ ပြည်သူထောင်ချီထွက် ပြေးနေရသည်။

ခင်ဦးမြို့နယ်အတွင်းရှိ ဗျိုင်းကြိုင်ကျေးရွာ၊ ညောင်ပင်စုကြီး ကျေးရွာ၊ ရုံးစုကျေးရွာ၊ ကြာပင်အိုင်ကျေးရွာ၊ ကျွန်းလည်ကျေးရွာ၊ ကျွန်းဆွယ်ကျေးရွာတို့နှင့် ရွှေဘိုမြို့နယ်အတွင်းရှိ သရက်ပင်ဝန်းကျေးရွာ၊ စိုင်တိုးကျေးရွာ စသည့် ရွာ ၈ရွာထက်မနည်း မီးရှို့ဖျက်ဆီးခံထားရပြီး ဒေသခံပြည်သူ သောင်းချီ ထွက်ပြေးနေရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ