Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၌ စစ်ကောင်စီကပစ်သည့် လက်နက်ကြီးကျည်ကြောင့် ကလေး ၁ဦးနှင့် အမျိုးသမီး ၁ ဦးသေဆုံး

ABN-မေအိအိအောင်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီက ပစ်သည့်လက်နက်ကြီးကျည်ထိမှန်ပြီး ကလေးတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း ဒေသတွင်းသတင်းအရသိရသည်။

ယမန်နေ့ မတ် ၃ ရက်နေ့ နံနက် ၈ နာရီခန့် ချောင်းဦးမြို့နယ် ခင်မွန်းကျေးရွာတွင်ဖြစ်ပွားခဲ့ပြီး လက်နက်ကြီးကျည်ကြောင့် သေဆုံးသွားသည့် အမျိုးသမီးမှာ အသက် ၅၀ အရွယ် မစန်းကြည် နှင့် အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦးတို့ဖြစ်ကြသည်။

ခင်မွန်းရွာမှ ဒေသခံ မစန်းကြည်မှာ လက်မောင်းတွင်ကျည်ထိမှန်ကာ သွေးထွက်လွန်ပြီးသေဆုံးကြောင်းနှင့် ၁၃ နှစ်အရွယ်ကလေးငယ်မှာ ဂျိုင်းနှင့်ရင်အုံတွင် ထိမှန်ပြီး မုံရွာဆေးရုံသို့သွားစဉ် လမ်းခုလတ်တွင် သေဆုံးသွားကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင်လည်း စစ်ကောင်စီက ပစ်သည့် လက်နက်ကြီးကျည် ကရင်နီဖယ်ခုံမြို့နယ် ခေါင်းအိ ဘုန်းတော်ကြီးကျောင်းတွင်ကျရောက်ပြီး ကျောင်းအတွင်း စာဖတ်နေသည့် အသက် ၁၉ နှစ်အရွယ် ၁၀ တန်းကျောင်းသားနှင့် ညီဖြစ်သူ အသက် ၁၅ နှစ်အရွယ် တို့ကျည်ထိမှန်ပြီး ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ