Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီမှ ရွာ ၃ ရွာကို ၂ ရက်ဆက်တိုက် မီးရှို့၊ ရွာလုံးကျွတ် မီးလောင်ပြာကျ

ABN-ရှိုင်းမိုး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို အကြမ်းဖက် စစ်ကောင်စီတပ်မှ ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးသည့်အတွက်ကြောင့် ရွာလုံးကျွတ် ပြာကျသွားသည်ဟု သိရသည်။

ဇန်နဝါရီလ ၃၀ ရက်နှင့် ၃၁ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ခင်ဦးမြို့နယ် ဗျိုင်းကြိုင်ရွာ၊ ရုံးစုရွာ၊ ညောင်ပင်ကြီးစုရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဗျိုင်းကြိုင်ရွာနှင့် ရုံးစုရွာတို့ ၂ ရွာလုံးကျွတ် ပြာကျခဲ့ကြောင်း သိရသည်။

ခင်ဦးမြို့နယ်အတွင်းရှိ ဗျိုင်းကြိုင်၊ ရုံးစု၊ ညောင်ပင်ကြီးစု၊ ကြာပင်အိုင်၊ ကျွန်းလည်၊ ကျွန်းဆွယ်၊ ရွှေဘိုမြို့နယ်ရှိ သရက်ပင်ဝန်း၊ စိုင်တိုး စသည့် ကျေးရွာ ၈ ရွာမှ ပြည်သူ ၁၀၀၀၀ ခန့်သည် စစ်ဘေးရှောင်များအဖြင့် တိမ်းရှောင်နေရကြောင်း သိရသည်။

ဇန်နဝါရီလ ၃၀ ရက်နေ့က ဝက်လက်မြို့အခြေစိုက် အကြမ်းဖက်စစ်တပ်နှင့် ဒေသခံပျူစောထီး တပ်သားအင်အား ၈၅ ဦးကျော်ပါဝင်သည့် စစ်ကြောင်းတစ်ခုသည် ပြည်သူလူထုနေထိုင်ရာကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက် ပစ်ခတ်ပြီး မီးရှို့ဖျက်ဆီးခဲ့ကာ၊ အသက် ၁၇ နှစ်အရွယ်ခန့်ရှိ လူငယ်တစ်ဦးကိုလည်း သဖန်းကုန်းရွာထိပ်အဝင်ဝတွင် ပစ်သတ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၂၀၀ ခန့်ရှိသည့် ဖက်သန်းကြီးရွာ၊ အိမ်ခြေ ၄၀၀ ခန့်ရှိသည့် ကော်တုံရွာနှင့် အောင်တက်ကုန်းရွာတို့တွင် တစ်ရွာလုံးနီးပါး မီးလောင်ပျက်စီးခဲ့ကြောင်း၊ ဒေသခံရွာသူ ရွာသားများလည်း ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ