Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အလည်လျှိုရွာထဲ၌ ပစ်ခတ်ခံရပြီးသေဆုံးနေသော လူသေအလောင်း ၈ လောင်းတွေ့ရှိ

Arakan Bay News -ABN၊ ဇန်နဝါရီ ၃ရက်

ရှိုင်းမိုး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အလည်လျှိုရွာထဲတွင် ပစ်သတ်ခံရပြီးသေဆုံးနေသည့် လူသေလောင်း ၈ လောင်းတွေ့ရှိကြောင်းသိရသည်။

ဇန်နဝါရီလ ၂ရက်နေ့ ညနေပိုင်းတွင် ရွာထဲ၌ တပ်စွဲနေထိုင်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်သွားပြီးနောက်ပိုင်း ဒေသခံများက ရွာအတွင်းသို့ပြန်လည်ဝင်ရောက်ခဲ့သည့်အချိန်တွင် ရွာထဲ၌ပစ်သတ်ခံရပြီး သေဆုံးနေသည့် အလောင်း ၈ လောင်းကိုတွေ့ရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အလည်လျှိုရွာကိုမီးရှို့ဖျက်ဆီးခဲ့ပြီး၊ ရွာထဲတွင် ကျန်ရှိနေခဲ့သည့် သူများကိုလည်း သတ်ဖြတ်ခဲ့ကာ ရွာထဲမှ ထွက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်တွင်လည်း ပြီးခဲ့သည့် နိုဝင်ဘာ ၁၀ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးရွာထဲကို စစ်ကောင်စီတပ်က ဝင်ရောက်ပြီး ရွာသား ၁၀ ဦးကို ပစ်သတ်ခဲ့ပြီး ရွာထဲမှ နေအိမ်များကို မီးရှို့ထားခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ