Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ရေလဲဦးရွာတွင် စစ်ကောင်စီကပစ်သည့် လက်နက်ထိမှန်ပြီး အမျိုးသမီး ၁ ဦးသေဆုံးကာ ၁ ဦးထိခိုက်ဒဏ်ရာရ

ABN-မေအိအိအောင်

ဇွန် ၁၀ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်း ရေလဲဦးရွာတွင် စစ်ကောင်စီတပ်ကပစ်သည့် လက်နက်ကြီး ထိမှန်ပြီး အမျိုးသမီး ၁ ဦး သေဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရသိရသည်။

ယမန်နေ့ ဇွမ်လ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် စစ်ကောင်စီက ရေလဲဦးရွာကို လက်နက်ကြီး ၂ လုံးပစ်ခတ်ခဲ့ပြီး ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့သည်။

လက်နက်ကြီးကျည်ထိမှန်၍ သေဆုံးသူအမျိုးသမီးမှာ အသက် ၅၀ အရွယ်ဖြစ်ပြီး ဒဏ်ရာရသူ အမျိုးသားမှာ အသက် ၃၄ နှစ်အရွယ်ဖြစ်သည်။

အဆိုပါကျေးရွာအနီးအနားတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီဘက်မှ ထိုကဲ့သို့ မကြာခဏ လက်နက်ကြီးများဖြင့် ပစ်လေ့ရှိကြောင်းသိရသည်။

အလားတူ ပြီးခဲ့သည့် ဇွန်လ ၈ ရက်နှင့် ၉ ရက်နေ့တွင် ကရင်နီ(ကယား)ပြည်နယ်၊ ဘော်လခဲမြို့နယ်၊ လွယ်ဝိန်းကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးဖြင့် နှစ်ရက်ဆက်တိုက်ပစ်ခတ်၍ ကျေးရွာသားတစ်ဦး လက်နက်ထိမှန်သေဆုံးခဲ့သည်။

ယင်းအပြင် ယမန်နေ့ ဇွန်လ ၉ ရက်နေ့တွင်ပင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကမိုင်ကုန်းရွာကို စစ်ကောင်စီးက လက်နက်ကြီးများနှင့်ပစ်ခတ်၍ အရပ်သားပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း ၊မုံရွာမြို့နယ် ရေကန်စု ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့များဝင်ရောက်စီးနင်းပြီး မွေးကင်းစ ကလေးတစ်ဦးအပါအဝင် ပြည်သူ ၆ ဦးကိုပစ်သတ်ခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ