Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကိုင်းတိုင်းရှိ ဆားလင်းကြီးမြို့နယ်နှင့် ဆားတောင်မြို့နယ်ရှိကျေးရွာများကို စစ်ကောင်စီတပ် က ၂ ရက်ဆက်တိုက် မီးရှို့ပြီး လက်နက်ကြီးပစ်ခတ်၍ရွာသား ၃ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရ

ABN-မေအိအိအောင်

ဇွန် ၁၅ ရက်

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်နှင့် ဆားတောင်ကြီးမြို့နယ်တို့ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် မီးရှို့ပြီး လက်နက်ကြီးများပစ်ခတ်မှုပြုလုပ်ခဲ့၍ ရွာ ၃ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရခဲ့ကြောင်း ဒေသတွင်းသတင်းများအရသိရသည်။

ဆားလင်းကြီးမြို့နယ်၊ သိမ်တော်ရပ်ကွက်ကို စစ်ကောင်စီတပ်က ဇွန် ၁၄ ရက်နေ့တွင် မီးရှို့ခဲ့ပြီးနောက် အနီးရှိ ကျေးရွာများကို ၄၀ မမ၊ ၆၀ မမ တို့ဖြင့်ပစ်ခတ်ခဲ့သောကြောင့် တစ်ဦးသေဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။.

အလားတူ ဆာလင်းကြီးမြို့နယ် ညောင်ပင်ကြီးရဲစခန်းမှ ဇွန်လ ၁၄ ရက်နေ့ နံနက်ပိုင်းက လက်နက်ကြီးများနှင့်ပစ်ခတ်၍ နှင်းတောကျေးရွာမှ အရပ်သားတစ်ဦး ဦးခေါင်းထိမှန်သေဆုံးခဲ့ကာ၊ ထန်းတောကြီးရွာမှ အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့နယ်၊ သဇင်ရွာကို စစ်ကောင်စီက မီးရှို့ခဲ့၍ အိမ်ခြေ ၇၀၀ ပြာကျပြီး အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦး မီးလောင်သေဆုံးခဲ့သည်။

ဇွန် ၉ ရက်နေ့က စစ်ကိုင်းတိုင်းရှိ ညောင်ပင်ကြီးရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က အနီးရှိကျေးရွာများကို မီးရှို့ခြင်း၊ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ပြီး အရပ်သားများကို သတ်ခြင်း၊ လူသားဒိုင်းကာအဖြစ်ဖမ်းဆီးခြင်းများပြုလုပ်လျက်ရှိသည်ဟု သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ