Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကိုင်းတိုင်းနှင့် ကရင်ပြည်နယ်တို့တွင် စစ်ကောင်စီက ပစ်သည့် လက်နက်ကြီး ထိမှန်ပြီး ကလေးတစ်ဦးအပါအဝင် ပြည်သူ ၅ ဦးသေဆုံး

ABN-မေအိအိအောင်

ဇူလိုင် ၁ ရက်

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်နှင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တို့တွင် စကစ ကပစ်သည့် လက်နက်ကြီးကျည် ထိမှန်၍ ကလေးတစ်ဦးအပါအဝင် အရပ်သားပြည်သူ ၅ ဦးသေဆုံးခဲ့ကြောင်းသိရသည်။

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်၊ ကျော်ဇေယျာရပ်ကွက်ကို စစ်ကောင်စီက ယမန်နေ့ ဇွန်လ ၃၀ ရက်နေ့တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၄ ဦးသေဆုံးခဲ့သည်။

လက်နက်ကြီးကျည်ကျ၍ သေဆုံးသွားသူများမှာ အသက် ၆၀ နှစ်အရွယ် ဦးသာထူး နှင့် ၄င်း၏ ဇနီး၊ အသက် ၈ နှစ်အရွယ် မြေး ဖြစ်သူနှင့် အသက် ၄၃ နှစ် အရွယ် မဇာခြည်ဦးတို့ဖြစ်ကြောင်းသိရသည်။

အဆိုပါ ရပ်ကွက်အတွင်းသို့ လက်နက်ကြီးဖြင့်ပစ်သည့် စစ်ကောင်စီများမှာ ကောလင်းမြို့၊ ထွေအုပ်ရုံးတွင် နေထိုင်သူများဖြစ်ကြပြီး သေဆုံးသည့် အလောင်းများကို စစ်ကောင်စီက ယူသွားကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ဇွန်လ ၃၀ ရက်နေ့ ည ၇ နာရီခန့်က ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ကျေးရွာရှိ စစ်ကောင်စီ စစ်တပ်၏ အထိုင်စခန်းကို ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ပူးပေါင်းကာ ဝင်ရောက် တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီဘက်က လက်နက်ကြီးများပစ်ခတ်ခဲ့ကြောင်းသိရသည်။

အလားတူ ယမန်နေ့ ဇွမ်လ ၃၀ ရက်နေ့တွင်ပင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ တကူးခီး (ခေါ်) တဂေးကျေးရွာနှင့် ကော့ကရိတ်မြို့နယ်၊ မဲကနယ် ကျေးရွာ ၂ ရွာကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်၍ ပြည်သူ ၁ ဦးသေဆုံးကာ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ကြာအင်ဆိပ်ကြီး အခြေစိုက် စစ်ကောင်စီ၏ စကခ လက်အောင်ခံ ခလရ ၂၈၃ တပ်ရင်းနှင့် ကော့ကရိတ်မြို့နယ်၊ မြဝတီမြို့၊ မဲကနယ်မှ စစ်ကောင်စီ၏ ခလရ ၂၇၅ တပ်ရင်းမှ ၁၂၀ မမ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းဖြစ်ကြောင်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ