Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကိုင်းတိုင်းဒေသကြီးတွင် စစ်ကောင်စီတပ်မှ နေအိမ် ၈၀၀ ကျော်အား မီးရှို့ခဲ့၊ အရပ်သား ၄၀၀၀ ကျော် အိုးအိမ်မဲ့ဖြစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်တွင် ပြီးခဲ့သည့် နိုဝင်ဘာလ တတိယ အပတ်က စစ်ကောင်စီတပ်မှ လူနေအိမ် ၈၀၀ ကျော်ကို မီးတိုက်ဖျက်စီးခဲ့ကာ အပြစ်မဲ့အရပ်သားပြည်သူ ၄၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့ကြရသည်။

စစ်ကောင်စီတပ်မှ မီးရှို့ဖျက်စီးခဲ့သော ရွာများမှာ စစ်ကိုင်းမြို့နယ် တောင်ရင်း(တောင်)ရွာ၊ တောင်ရင်း (မြောက်)ရွာနှင့် ရွာသစ်ရွာတို့ဖြစ်ကြပြီး ၃ ရွာပေါင်း နေအိမ် ၈၈၃ လုံး မီးလောင်ခဲ့ကြရပြီး လူဦးရေ ၄၂၀၀၀ မှာ အိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့ရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်၏ ယခုကဲ့သို့ ရက်စက်ယုတ်မာမှုများမှာ ပို၍ပီပြင်လာခဲ့သည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်များ အများဆုံးအခြေစိုက်သော စစ်ကိုင်းတိုင်းဒေသကြီးတွင် PDF စစ်စခန်းများကို သာမက အရပ်သားပြည်သူများရှိသော ကျေးရွာများဖက်သို့ပါ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးများ ပစ်ခတ်မှုများကို ဆက်တိုက်လုပ်ဆောင်လျက်ရှိနေသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့ကလည်း ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးရွာကို စစ်ကောင်စီတပ်မှ ဝင်ရောက်မီးရှို့ခဲ့၍ ရွာသားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည့်အပြင် ရွာစောင့်ကျန်ခဲ့သော ရွာသား ၁၁ ဦးတို့ကိုလည်း စစ်ကောင်စီတပ်မှ ရက်ရက်စက်စက် သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။

စစ်ကောင်စီတပ်များသည် မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် အကြမ်းဖက်သည့် လုပ်ရပ်များကို လက်မတွန့်ကျူးလွန်လျက်ရှိနေသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ