စစ်ကိုင်းတိုင်းတွင် ယမန်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်သားများ ရွာထဲသို့ စီးနှင်း ဝင်ရောက်ခဲ့ကာ အသက် ၇၀ ကျော် အဘိုးအဘွား ၂ ဦးကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ဘုတလင်မြို့နယ်၊ ရွှေတာင်ကျေးရွာသို့ ဇန်နဝါရီလ ၂ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်မှ ရွာထဲသို့ ဝင်ရောက်စီးနှင်းခဲ့ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည့် အပြင် အသက် ၇၀ ကျော် အဘိုးအဘွား ဇနီးမောင်နံနှစ်ဦးကိုလည်း ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ရွှေတောင်ရွာမှ အသက် ၃၀ အရွယ် လူငယ်တစ်ဦးကိုလည်း စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ရွာအပြင်ဘက် ပြောင်းခင်းတွင် ညည်းပမ်းနှိပ်စက်ကာ သတ်ဖြတ်ထားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ အကုန်ပိုင်းခန့်ကလည်း စစ်ကောင်စီတပ်မှ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့မှ အသက် ၇ နှစ်ရွယ် ကလေးငယ် ၂ ဦးအပါအဝင် အရပ်သား ၁၀ ဦးထက်မနည်း သတ်ဖြတ်ခဲ့သည်။




